ကျွန်တော်တို့ဟာ iPhone တွေကို ဘာကြောင့် စျေးကြီးပေးဝယ်ကြတာလဲ?
#Unicode
အားလုံးပဲ မင်္ဂလာပါ
ဒီနေ့ဆောင်းပါးလေးမှာတော့ Apple ကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ iPhone တစ်လုံးကို ဘယ်လိုအချက်တွေကြောင့် စျေးကြီးပေးဝယ်ကြတာလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။
ယခုဆောင်းပါးဟာ Apple ကို ချစ်တဲ့စိတ်နဲ့သာ ရေးထားခြင်း ဖြစ်ပြီး အခြား Android Phone တွေကို အမြင်မကြည်လင်ခြင်း အလျဉ်းမရှိပါ။
နောက်ထပ်ဆောင်းပါးတစ်ခုမှာ Android Phone တစ်လုံးကို ဘာကြောင့် iPhone အစားဝယ်သူသင့်တာလဲဆိုတဲ့ အချက်တွေကို users တွေဘက်က တွေးသင့်တဲ့ အတွေးမျိုးနဲ့ ဆက်လက်ဖော်ပြပေးပါမယ်။
ကဲ … အခုတော့ iPhone တစ်လုံးဟာ ပေးရတဲ့ စျေးနဲ့တန်ရဲ့လားဆိုတာကို ကြည့်လိုက်ရအောင်ဗျာ။

1.Because Apple is Apple
ဟုတ်ပါတယ် ကျွန်တော်တို့ Apple ချစ်သူတွေဟာ Apple ကိုချစ်လို့ကို iPhone အသစ်တွေစျေးကြီးပေးပြီး ဝယ်ယူကြတာပါ။ xD
2.GUI (Graphical User Interface)
iOS ရဲ့ UI ဟာ ကန့်သတ်မှူများစွာနဲ့ customize လုပ်ဖို့ မလွယ်ကူလှပါဘူး။ iOS 8 ကတည်းက အခု iOS 13 အထိ iPhone တွေရဲ့ UI ဟာ ထူးထူးခြားခြား မပြောင်းလဲခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ‘Simplicity is the BEST’ အရိုးရှင်းဆုံးဟာ အလှဆုံးပါပဲ။ ကျွန်တော့်အနေနဲ့ Android မှာ Custom UI အစုံတင်ပြီးတော့ရော iOS ကိုရော နှစ်ရှည်လများ အသုံးပြုခဲ့ဖူးပါတယ်။ ကြာလာတော့ Android ပေါ်မှာ Customize လုပ်ရတာ ကျွန်တော့်အတွက် အတော့်ကို ပျင်းရိလာတယ်လို့ ခံစားလာရတယ်။



iOS ကို jailbreak လုပ်ပြီး Themes တွေပြောင်းတယ် မျိုးစုံအလှဆင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများဆုံးတစ်ပတ်ပဲ ခံတယ် ပြီးတာနဲ့ iOS ရဲ့ Default UI ကိုပဲ ပြန်ပြန် ပြောင်းဖြစ်တယ်။ ကျွန်တော့်အတွက် iOS ရဲ့ default UI ဟာ မျက်လုံးထဲမှာ အရိုးရှင်းဆုံးနဲ့ အလှဆုံးလို့တဖြည်းဖြည်းနဲ့ ခံစားလာရတယ်။ Home screen က Apps တွေကို သူ့ Original အတိုင်းထားထားတာဟာ ကျွန်တော့်အတွက်တော့ အလှဆုံးနဲ့ မရိုးနိုင်ဆုံး မြင်ကွင်းပါပဲ။
သင်တို့ရော iOS ရဲ့ User interface ကို ဘယ်လိုထင်ပါသလဲ?
3.The Operating System (iOS)
ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော Operating system တွေအားလုံးထဲမှာ iOS ဟာ ကျွန်တော့်အတွက်တော့ အရိုးရှင်းဆုံးနဲ့ အဆန်းပြားဆုံး ဖြစ်ပါတယ်။ ဘယ် OS မှာမှ မရတဲ့ OS တစ်ခုရဲ့ ချောမွေ့မှူကို ခံစားရတယ်။ Crash ဖြစ်တာလဲ အနည်းဆုံး OS တစ်ခုဖြစ်ပါတယ်။ သာမန် အသုံးပြုသူတစ်ယောက်အတွက် iOS ဟာ Easy to use ပါပဲ အသုံးပြုရအရမ်းလွယ်ကူတယ်။ Android ဖုန်းတွေမှာလို UI တွေ ကွာခြားမှူမရှိတာကြောင့် iOS ကို တစ်ခါအသုံးပြုဖူးထားတယ်ဆိုရင် ဘယ်လို iDevices ကိုမဆို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။ Clean and Minimalist ဆိုတာကို ခုံမင်တဲ့ ကျွန်တော့်အတွက်တော့ iOS နဲ့ အကိုက်ညီဆုံးပါပဲ။ iOS ရဲ့ အားသာချက်တွေကို ပြောနေရင် ရှည်မှာစိုးတာကြောင့် iOS versus Android ဆိုတဲ့ Post လေးမှာ iOS ရဲ့ အနိုင်ရတဲ့ အားသာချက်တွေကို ဖတ်ကြည့်နိုင်ပါတယ်။



4.The Hardware
iPhone တွေမှာ အသုံးပြုတဲ့ Hardware တွေဟာ Apple ကိုယ်တိုင် Design ဆွဲပြီး သူ့ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ အခြား company တွေကို ထုတ်လုပ်ခိုင်းတာဖြစ်ပါတယ်။ iOS နဲ့ iPhone တွေ တစ်သွေးတည်း ၊ တစ်သားတည်းကျနေတာဟာ Apple ရဲ့ အကောင်းဆုံးသော Hardware တွေကြောင့်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပါ။ A series CPU တွေကို Apple ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ TSMC, Samsung စတဲ့ company တွေက ထုတ်လုပ်ပေးတာဖြစ်ပြီး အခြား Brand တွေလို CPU တွေကို Qualcomm တို့ Mediatek တို့ဆီက ဝယ်ယူရတာမဟုတ်ပါဘူး။
သင့်အနေနဲ့ Apple ဟာ အခြား company တွေဆီက အရေးကြီးတဲ့ Hardware တွေကို ဒီတိုင်း ဝယ်ယူနေရတယ်ထင်ရင် မှားသွားပါလိမ့်မယ်။ အဲ့လိုဝယ်လို့ရတိုင်းသာဆိုရင် Apple ရဲ့ A series chips တွေ ၊ True tone display လို နည်းပညာတွေ ၊ 3D touch လို နည်းပညာတွေကို အဲ့ hardware ထုတ်ပေးတဲ့ ကုမ္မဏီတွေက သုံးနေမှာပေါ့။ ဒီ Company တွေက Apple ရဲ့ Design အတိုင်း ၊ နည်းပညာအတိုင်းပဲ လုပ်ပေးရတာဖြစ်ပါတယ်။ သူတို့အနေနဲ့လဲ ဒီနည်းပညာတွေကို ကူးချလို့မရအောင် Apple က မူပိုင်ခွင့်တွေနဲ့ တားမြစ်ထားပါတယ်။
Apple အနေနဲ့လဲ ဖုန်းတစ်လုံးရဲ့ parts တွေအကုန်ကို ထုတ်လုပ်ဖို့ စက်ရုံမရှိတာကြောင့် အခုလို ဝယ်ယူအသုံးပြုရတာဖြစ်ပါတယ်။
ဒါပေသိ အခုချိန်မှာတော့ Apple ဟာ Qualcomm နဲ့ ပြသနာတက်ထားပြီး 5G modem တွေကို မထုတ်လုပ်နိုင်သေးလို့ 2019 iPhone တွေမှာ 5G မရပါဘူး။ xD
ဒါပေမဲ့ 5G modem တွေကို အခု Apple က ကိုယ်ပိုင်စက်ရုံနဲ့ စတင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။



5.Accessories
iPhone နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ Accessories တွေဟာ Android flagship တွေထက်ပိုမိုများပြားပါတယ်။ Screen guard, cover ကအစ Premium accessories တွေအဆုံး အစုံအလင်ရှိပါတယ်။
Camera Lens Kits တွေ ၊ Keyboard တွေ ၊ Bluetooth နဲ့ တွဲဖက်ကစားရတဲ့ Sphere Mini Robot လို ကစားစရာလေးတွေ ၊ iOS health app နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ စသည်ဖြင့် စုံလင်လှပါတယ်။ Accessories makers တွေအနေနဲ့လဲ တစ်နှစ်မှ တစ်ခုပဲ ထွက်တဲ့ iPhone တွေအတွက် ပြုလုပ်ရတာ ပိုမိုလွယ်ကူပြီး များပြားလှတဲ့ android flagship တွေအတွက်ကျတော့ ထုတ်လုပ်ရမဲ့ range က ကျယ်ဝန်းလှတာကြောင့် iPhone တွေအတွက် တကယ်အသုံးဝင်တဲ့ Accessories တွေဟာ ပေါများလှပါတယ်။



6.Apple Ecosystem
Apple ရဲ့ Ecosystmy အကြောင်းကို အောက်က Chart လေးကိုကြည့်လိုက်ရင် နားလည်လောက်မယ်ထင်ပါတယ်။



More Apple Services – Apple Arcade, Apple pay, Apple TV, Apple News+, Apple Card etc
Hardware, Software, Application Software, and Services ဆိုတဲ့ ခေါင်းစဉ်လေးခု အောက်မှာ Apple Ecosystem ဟာ သိပ်ကို ပြည့်စုံတယ်လို့ပြောလို့ရပါတယ်။ အခြား Ecosystem တွေထက် ပိုပြီး Secure and Reliable ဖြစ်တယ်ဆိုတာလဲ ငြင်းမရတဲ့ အမှန်တရားပါ။
7.Best Support and Help
iPhone တစ်လုံးရဲ့ Warranty ဟာဘယ်လောက်ထိ Reliable ဖြစ်တယ်ဆိုတာတော့ သင် သိလောက်မယ်ထင်ပါတယ်။ Apple ရဲ့ warranty အကြောင်းအသေးစိတ်သိချင်ရင် ကို Pyae Hein Kyaw ရဲ့ PHK Knowledge sharing website မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်။ Here is the link
Best Support ဆိုတဲ့ နေရာမှာ Apple Support နဲ့ live chat ဖူးတဲ့သူဆိုရင် Apple ရဲ့ Support ဟာ ဘယ်လောက်ထိ အဆင်ပြေတယ်ဆိုတာ သိပါလိမ့်မယ်။ Apple support team မှာ သင့်ရဲ့ Apple Products တွေနဲ့ ပတ်သက်ပြီး ကူညီပေးမဲ့ 24/7 live chat ပြုလုပ်ပေးမဲ့ ဝန်ထမ်းတွေ အမြဲအဆင်သင့်ရှိပါတယ်။



8.Aftersale Service
Apple ရဲ့ After-Sale Service ဟာလဲ အတော့်ကို ပြီးပြည့်စုံတဲ့ Service တစ်ခုဖြစ်ပါတယ်။ Customer ကို ဝယ်ယူပြီးတဲ့နောက် ဖြစ်ချစ်တာဖြစ်ဆိုပြီး ပစ်ထားတဲ့အထဲမှာ Apple မပါပါဘူး။
Customer ကို ပစ်ထားတာမျိုး Apple မလုပ် ၊ လုပ်ရင် Apple မဟုတ် xD
Hardware ပိုင်းနဲ့ ပတ်သက်လို့ Return Policy တွေ ၊ Repair Program (ပြန်လည်ပြင်ဆင်ပေးတာ)တွေ ၊ Replacement Program ( အသစ်လဲလှယ်ပေးတာ ) တွေ စတာမျိုးတွေကို အမြဲလိုလိုပြုလုပ်ပေးလေ့ရှိပါတယ်။ ဥပမာ – Battery ကျနေတဲ့ iPhone တွေကို $ အနည်းငယ်နဲ့ အသစ်လဲပေးတာ ၊ Macbook တွေရဲ့ Keyboards တွေ လဲပေးတာ ၊ ဟိုတလောကပဲ ထွက်ရှိပြီးတာ နှစ်ချီနေတဲ့ iPhone 6s လိုဖုန်းမျိုးကိုတောင် အဖက်လုပ်ပြီး Repair Program ပြုလုပ်ပေးလိုက်ပါသေးတယ်။ iPhone 6s Repair Program Link
More Details about Apple Repair Program
Software ပိုင်းနဲ့ ပတ်သက်လို့လဲ Security Flaw, software bugs, errors ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် နေ့ချင်းညချင်း update အသစ်ထုတ်ပေးပါတယ်။ ဒီလို Software Support မျိုးကို android တွေမှာ Pixel, One Plus နဲ့ Android One တွေလောက်ကလွဲလို့ ဘယ် brand မှ မလုပ်ပေးပါဘူး။ Software update နဲ့ ပတ်သက်လို့လဲ ထွက်ရှိပြီးတာ ၄ နှစ်ကြာနေတဲ့ iPhone 6s တောင် 2019 ရဲ့ iOS 13 ကို အသုံးပြုနိုင်ပါတယ်။ အခြား Android တွေမှာ Software Update ဆိုတာကို ရဖို့ iOS လောက်မလွယ်ကူတာတော့ အမှန်ပါ။



9.Long Term Usage
Support တွေ ၊ aftersale Service တွေအကြောင်း ပြောပြီးပြီဆိုတော့ Long term usage အကြောင်းပြောရအောင်
ဘယ်သူမှ ဒီနေ့ခေတ်မှာ Phone တစ်လုံးကို ၄/၅ နှစ်မသုံးပါဘူး။ သုံးချင်ရင်လဲ iPhone တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ 2015 က iPhone 6s လေးဟာ ဒီနေ့ 2019 မှာ iOS 13 နဲ့ သာသာယာယာ အသုံးပြုလို့ရနေပါသေးတယ်။ 2015 တုန်းက ကျွန်တော့်ရဲ့ Android flagship လေးတစ်လုံးကတော့ Android 7.0 နဲ့ အတိတ်မှာ ကျန်ရစ်နေခဲ့ရပါတယ်။ ကျွန်တော့် ဘော်ဒါတစ်ယောက်ဟာ 2014 က iPhone 6 ကို အခု 2019 ရောက်မှ iPhone အသစ်တစ်လုံးနဲ့ လဲပါတယ်။ Android flagship တစ်လုံးဝယ်ဖို့ ဘယ်လိုမှ တိုက်တွန်းမရပဲ iPhone ပဲဝယ်ပါတယ်။ ဘာလို့ဆို ဒီကောင်က ဖုန်းတစ်လုံးကို ၅ နှစ်စီမံကိန်းနဲ့ ကိုင်တဲ့ကောင်မလို့ပါ။ ဆိုတော့ ကြာကြာသုံးမဲ့ သူတွေအတွက် iPhone တွေက Software support & aftersale service ကောင်းကောင်းနဲ့ အသင့်တော်ဆုံးပါပဲ။



10.Brand Image
ဒီအချက်ဟာ လူတော်တော်များများ iPhone တွေကို ဝယ်ယူတဲ့အချက်ဆိုရင် မှားမယ်မထင်ပါဘူး။ :3
Apple အနေနဲ့ သူ့ရဲ့ Brand Image ကိုဘယ်လောက်ယုံကြည်လဲဆိုရင် $999 တန် Mac stand ထုတ်ရောင်းတာသာ ကြည့်တော့ xD
တကယ်ပါ သာမန်လူတစ်ယောက်ကို Android Flagship ဖုန်းတစ်လုံးနဲ့ Latest iPhone တစ်လုံး နှစ်ခုယှဉ်ချပေးရင် ၁၀၀ မှာ ၉၀ က iPhone ကို ရွေးမှာ အသေအချာပါပဲ။ သင့်အနေနဲ့ iPhone နဲ့ မှန်ရှေ့မှာ Mirror Selfie ရိုက်ဖူးတဲ့ သူတစ်ယောက်ဆိုရင် Apple ရဲ့ Brand Image ဘယ်လောက်ရှိတယ်ဆိုတာ သိပါလိမ့်မယ်။ xD



Tech နဲ့ မရင်းနှီးတဲ့သူတစ်ယောက်ဆိုရင် iPhone တွေဟာ အကောင်းဆုံး ဆိုတဲ့ Concept လေးတွေတောင် ရှိနေတတ်ကြပါတယ်။
နောက်ဆုံးပေါ် iPhone တစ်လုံးကို ကိုင်ထားရတဲ့ Premium ဖြစ်မှူဆိုတာကိုလဲ နောက်ဆုံးပေါ် iPhone မကိုင်ဖူးတဲ့သူတွေအတွက်တော့ နည်းနည်း လက်မခံချင်စရာတော့ရှိပါတယ်။
ဒါပေမဲ့ ကြီးကျယ်တဲ့ ပွဲတစ်ခု အခမ်းအနားတစ်ခု တက်တာမျိုးမှာ နောက်ဆုံးပေါ် iPhone တစ်လုံးကိုင်သွားရင် Apple ရဲ့ Brand Image ကို သင်သိလာပါလိမ့်မယ်။ လူတွေဟာ iPhone တစ်လုံးကို သာမန် Smartphone တစ်လုံးထက် Luxury Brand တစ်ခုလိုမျိုး ပိုပြီးတောင် အသုံးချတတ်ကြပါသေးတယ်။
11.Consistency
iPhone Series တွေဟာ တစ်နှစ်မှာ တစ်ခါသာထွက်လေ့ရှိပါတယ်။ ဟိုးအရင်တည်းက Apple ဟာ Consistency ကောင်းကောင်းနဲ့ iPhone series တွေကို ထုတ်လုပ်လာခဲ့တာ 11 နှစ် iPhone 11 အထိတိုင်ခဲ့ပါပြီ။ တစ်နှစ်ကို series 10 မျိုးလောက်အထိ ထုတ်နေတဲ့ Brand တွေနဲ့ စာရင် Apple ရဲ့ ဒီလို Consistency ကောင်းမှူတွေကြောင့်လဲ Brand Image ဟာ ဒီလောက်ထိ ကြီးကျယ်သွားတာဖြစ်ပါတယ်။



12.Because Apple is Apple, iPhone is iPhone
ဟုတ်ပါတယ်။ နောက်ဆုံးအချက်ကလဲ iPhone တွေဟာ Apple ရဲ့ Masterpiece လက်ရာတွေဖြစ်တာကြောင့် ကျွန်တော်တို့တွေဟာ iPhone အသစ်တွေကို စျေးကြီးပေးပြီး ဝယ်ယူကြတာဖြစ်ပါတယ်။
Because Apple is Apple ပါ xD



ယခုရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးလေးဟာ Apple fan တစ်ယောက်အနေနဲ့ ရေးသားထားခြင်းဖြစ်ပြီး အခြား Android Phone တွေကို အမြင်မကြည်လင်ခြင်း အလျဉ်းမရှိကြောင်း ထပ်မံပြောပါရစေ။
Admin ကိုယ်တိုင်လဲ iOS နဲ့ android နှစ်ခုလုံး အသုံးပြုတာဖြစ်တဲ့အတွက် နောက်တစ်ပတ်မှာ android ဖုန်းတစ်လုံးကို iPhone တစ်လုံးအစား ရွေးချယ်သင့်တဲ့ အချက်တွေကို users တစ်ယောက်ရဲ့ Point of view ကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
#Zawgyi
ကြၽန္ေတာ္တို႔ဟာ iPhone ေတြကို ဘာေၾကာင့္ ေစ်းႀကီးေပးဝယ္ၾကတာလဲ?
အားလုံးပဲ မဂၤလာပါ
ဒီေန႔ေဆာင္းပါးေလးမွာေတာ့ Apple ကိုခ်စ္တဲ့သူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္တို႔ဟာ iPhone တစ္လုံးကို ဘယ္လိုအခ်က္ေတြေၾကာင့္ ေစ်းႀကီးေပးဝယ္ၾကတာလဲ ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။
ယခုေဆာင္းပါးဟာ Apple ကို ခ်စ္တဲ့စိတ္နဲ႔သာ ေရးထားျခင္း ျဖစ္ၿပီး အျခား Android Phone ေတြကို အျမင္မၾကည္လင္ျခင္း အလ်ဥ္းမရွိပါ။
ေနာက္ထပ္ေဆာင္းပါးတစ္ခုမွာ Android Phone တစ္လုံးကို ဘာေၾကာင့္ iPhone အစားဝယ္သူသင့္တာလဲဆိုတဲ့ အခ်က္ေတြကို users ေတြဘက္က ေတြးသင့္တဲ့ အေတြးမ်ိဳးနဲ႔ ဆက္လက္ေဖာ္ျပေပးပါမယ္။
ကဲ … အခုေတာ့ iPhone တစ္လုံးဟာ ေပးရတဲ့ ေစ်းနဲ႔တန္ရဲ႕လားဆိုတာကို ၾကည့္လိုက္ရေအာင္ဗ်ာ။



1.Because Apple is Apple
ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔ Apple ခ်စ္သူေတြဟာ Apple ကိုခ်စ္လို႔ကို iPhone အသစ္ေတြေစ်းႀကီးေပးၿပီး ဝယ္ယူၾကတာပါ။ xD
2.GUI (Graphical User Interface)
iOS ရဲ႕ UI ဟာ ကန႔္သတ္မႉမ်ားစြာနဲ႔ customize လုပ္ဖို႔ မလြယ္ကူလွပါဘူး။ iOS 8 ကတည္းက အခု iOS 13 အထိ iPhone ေတြရဲ႕ UI ဟာ ထူးထူးျခားျခား မေျပာင္းလဲခဲ့တာ ၾကာပါၿပီ။ ဒါေပမဲ့ ‘Simplicity is the BEST’ အ႐ိုးရွင္းဆုံးဟာ အလွဆုံးပါပဲ။ ကြၽန္ေတာ့္အေနနဲ႔ Android မွာ Custom UI အစုံတင္ၿပီးေတာ့ေရာ iOS ကိုေရာ ႏွစ္ရွည္လမ်ား အသုံးျပဳခဲ့ဖူးပါတယ္။ ၾကာလာေတာ့ Android ေပၚမွာ Customize လုပ္ရတာ ကြၽန္ေတာ့္အတြက္ အေတာ့္ကို ပ်င္းရိလာတယ္လို႔ ခံစားလာရတယ္။



iOS ကို jailbreak လုပ္ၿပီး Themes ေတြေျပာင္းတယ္ မ်ိဳးစုံအလွဆင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အမ်ားဆုံးတစ္ပတ္ပဲ ခံတယ္ ၿပီးတာနဲ႔ iOS ရဲ႕ Default UI ကိုပဲ ျပန္ျပန္ ေျပာင္းျဖစ္တယ္။ ကြၽန္ေတာ့္အတြက္ iOS ရဲ႕ default UI ဟာ မ်က္လုံးထဲမွာ အ႐ိုးရွင္းဆုံးနဲ႔ အလွဆုံးလို႔တျဖည္းျဖည္းနဲ႔ ခံစားလာရတယ္။ Home screen က Apps ေတြကို သူ႔ Original အတိုင္းထားထားတာဟာ ကြၽန္ေတာ့္အတြက္ေတာ့ အလွဆုံးနဲ႔ မ႐ိုးႏိုင္ဆုံး ျမင္ကြင္းပါပဲ။
သင္တို႔ေရာ iOS ရဲ႕ User interface ကို ဘယ္လိုထင္ပါသလဲ?
3.The Operating System (iOS)
ဘယ္သူေတြ ဘယ္လိုပဲ ေျပာေျပာ Operating system ေတြအားလုံးထဲမွာ iOS ဟာ ကြၽန္ေတာ့္အတြက္ေတာ့ အ႐ိုးရွင္းဆုံးနဲ႔ အဆန္းျပားဆုံး ျဖစ္ပါတယ္။ ဘယ္ OS မွာမွ မရတဲ့ OS တစ္ခုရဲ႕ ေခ်ာေမြ႕မႉကို ခံစားရတယ္။ Crash ျဖစ္တာလဲ အနည္းဆုံး OS တစ္ခုျဖစ္ပါတယ္။ သာမန္ အသုံးျပဳသူတစ္ေယာက္အတြက္ iOS ဟာ Easy to use ပါပဲ အသုံးျပဳရအရမ္းလြယ္ကူတယ္။ Android ဖုန္းေတြမွာလို UI ေတြ ကြာျခားမႉမရွိတာေၾကာင့္ iOS ကို တစ္ခါအသုံးျပဳဖူးထားတယ္ဆိုရင္ ဘယ္လို iDevices ကိုမဆို လြယ္လြယ္ကူကူ အသုံးျပဳႏိုင္ပါတယ္။ Clean and Minimalist ဆိုတာကို ခုံမင္တဲ့ ကြၽန္ေတာ့္အတြက္ေတာ့ iOS နဲ႔ အကိုက္ညီဆုံးပါပဲ။ iOS ရဲ႕ အားသာခ်က္ေတြကို ေျပာေနရင္ ရွည္မွာစိုးတာေၾကာင့္ iOS versus Android ဆိုတဲ့ Post ေလးမွာ iOS ရဲ႕ အႏိုင္ရတဲ့ အားသာခ်က္ေတြကို ဖတ္ၾကည့္ႏိုင္ပါတယ္။



4.The Hardware
iPhone ေတြမွာ အသုံးျပဳတဲ့ Hardware ေတြဟာ Apple ကိုယ္တိုင္ Design ဆြဲၿပီး သူ႔ရဲ႕ ကိုယ္ပိုင္နည္းပညာနဲ႔ အျခား company ေတြကို ထုတ္လုပ္ခိုင္းတာျဖစ္ပါတယ္။ iOS နဲ႔ iPhone ေတြ တစ္ေသြးတည္း ၊ တစ္သားတည္းက်ေနတာဟာ Apple ရဲ႕ အေကာင္းဆုံးေသာ Hardware ေတြေၾကာင့္ဆိုတာ ျငင္းမရတဲ့ အမွန္တရားပါ။ A series CPU ေတြကို Apple ရဲ႕ ကိုယ္ပိုင္နည္းပညာနဲ႔ TSMC, Samsung စတဲ့ company ေတြက ထုတ္လုပ္ေပးတာျဖစ္ၿပီး အျခား Brand ေတြလို CPU ေတြကို Qualcomm တို႔ Mediatek တို႔ဆီက ဝယ္ယူရတာမဟုတ္ပါဘူး။
သင့္အေနနဲ႔ Apple ဟာ အျခား company ေတြဆီက အေရးႀကီးတဲ့ Hardware ေတြကို ဒီတိုင္း ဝယ္ယူေနရတယ္ထင္ရင္ မွားသြားပါလိမ့္မယ္။ အဲ့လိုဝယ္လို႔ရတိုင္းသာဆိုရင္ Apple ရဲ႕ A series chips ေတြ ၊ True tone display လို နည္းပညာေတြ ၊ 3D touch လို နည္းပညာေတြကို အဲ့ hardware ထုတ္ေပးတဲ့ ကုမၼဏီေတြက သုံးေနမွာေပါ့။ ဒီ Company ေတြက Apple ရဲ႕ Design အတိုင္း ၊ နည္းပညာအတိုင္းပဲ လုပ္ေပးရတာျဖစ္ပါတယ္။ သူတို႔အေနနဲ႔လဲ ဒီနည္းပညာေတြကို ကူးခ်လို႔မရေအာင္ Apple က မူပိုင္ခြင့္ေတြနဲ႔ တားျမစ္ထားပါတယ္။
Apple အေနနဲ႔လဲ ဖုန္းတစ္လုံးရဲ႕ parts ေတြအကုန္ကို ထုတ္လုပ္ဖို႔ စက္႐ုံမရွိတာေၾကာင့္ အခုလို ဝယ္ယူအသုံးျပဳရတာျဖစ္ပါတယ္။
ဒါေပသိ အခုခ်ိန္မွာေတာ့ Apple ဟာ Qualcomm နဲ႔ ျပသနာတက္ထားၿပီး 5G modem ေတြကို မထုတ္လုပ္ႏိုင္ေသးလို႔ 2019 iPhone ေတြမွာ 5G မရပါဘူး။ xD
ဒါေပမဲ့ 5G modem ေတြကို အခု Apple က ကိုယ္ပိုင္စက္႐ုံနဲ႔ စတင္ထုတ္လုပ္ေတာ့မွာ ျဖစ္ပါတယ္။



5.Accessories
iPhone နဲ႔တြဲဖက္အသုံးျပဳလို႔ရတဲ့ Accessories ေတြဟာ Android flagship ေတြထက္ပိုမိုမ်ားျပားပါတယ္။ Screen guard, cover ကအစ Premium accessories ေတြအဆုံး အစုံအလင္ရွိပါတယ္။
Camera Lens Kits ေတြ ၊ Keyboard ေတြ ၊ Bluetooth နဲ႔ တြဲဖက္ကစားရတဲ့ Sphere Mini Robot လို ကစားစရာေလးေတြ ၊ iOS health app နဲ႔ တြဲဖက္အသုံးျပဳႏိုင္တဲ့ က်န္းမာေရး အေထာက္အကူျပဳ ပစၥည္းေတြ စသည္ျဖင့္ စုံလင္လွပါတယ္။ Accessories makers ေတြအေနနဲ႔လဲ တစ္ႏွစ္မွ တစ္ခုပဲ ထြက္တဲ့ iPhone ေတြအတြက္ ျပဳလုပ္ရတာ ပိုမိုလြယ္ကူၿပီး မ်ားျပားလွတဲ့ android flagship ေတြအတြက္က်ေတာ့ ထုတ္လုပ္ရမဲ့ range က က်ယ္ဝန္းလွတာေၾကာင့္ iPhone ေတြအတြက္ တကယ္အသုံးဝင္တဲ့ Accessories ေတြဟာ ေပါမ်ားလွပါတယ္။



6.Apple Ecosystem
Apple ရဲ႕ Ecosystmy အေၾကာင္းကို ေအာက္က Chart ေလးကိုၾကည့္လိုက္ရင္ နားလည္ေလာက္မယ္ထင္ပါတယ္။



More Apple Services – Apple Arcade, Apple pay, Apple TV, Apple News+, Apple card, etc
Hardware, Software, Application Software and Services ဆိုတဲ့ ေခါင္းစဥ္ေလးခု ေအာက္မွာ Apple Ecosystem ဟာ သိပ္ကို ျပည့္စုံတယ္လို႔ေျပာလို႔ရပါတယ္။ အျခား Ecosystem ေတြထက္ ပိုၿပီး Secure and Reliable ျဖစ္တယ္ဆိုတာလဲ ျငင္းမရတဲ့ အမွန္တရားပါ။
7.Best Support and Help
iPhone တစ္လုံးရဲ႕ Warranty ဟာဘယ္ေလာက္ထိ Reliable ျဖစ္တယ္ဆိုတာေတာ့ သင္ သိေလာက္မယ္ထင္ပါတယ္။ Apple ရဲ႕ warranty အေၾကာင္းအေသးစိတ္သိခ်င္ရင္ ကို Pyae Hein Kyaw ရဲ႕ PHK Knowledge sharing website မွာ သြားေရာက္ဖတ္ရွဴႏိုင္ပါတယ္။ Here is the link
Best Support ဆိုတဲ့ ေနရာမွာ Apple Support နဲ႔ live chat ဖူးတဲ့သူဆိုရင္ Apple ရဲ႕ Support ဟာ ဘယ္ေလာက္ထိ အဆင္ေျပတယ္ဆိုတာ သိပါလိမ့္မယ္။ Apple support team မွာ သင့္ရဲ႕ Apple Products ေတြနဲ႔ ပတ္သက္ၿပီး ကူညီေပးမဲ့ 24/7 live chat ျပဳလုပ္ေပးမဲ့ ဝန္ထမ္းေတြ အၿမဲအဆင္သင့္ရွိပါတယ္။



8.Aftersale Service
Apple ရဲ႕ After Sale Service ဟာလဲ အေတာ့္ကို ၿပီးျပည့္စုံတဲ့ Service တစ္ခုျဖစ္ပါတယ္။ Customer ကို ဝယ္ယူၿပီးတဲ့ေနာက္ ျဖစ္ခ်စ္တာျဖစ္ဆိုၿပီး ပစ္ထားတဲ့အထဲမွာ Apple မပါပါဘူး။
Customer ကို ပစ္ထားတာမ်ိဳး Apple မလုပ္ ၊ လုပ္ရင္ Apple မဟုတ္ xD
Hardware ပိုင္းနဲ႔ ပတ္သက္လို႔ Return Policy ေတြ ၊ Repair Program (ျပန္လည္ျပင္ဆင္ေပးတာ)ေတြ ၊ Replacement Program ( အသစ္လဲလွယ္ေပးတာ ) ေတြ စတာမ်ိဳးေတြကို အၿမဲလိုလိုျပဳလုပ္ေပးေလ့ရွိပါတယ္။ ဥပမာ – Battery က်ေနတဲ့ iPhone ေတြကို $ အနည္းငယ္နဲ႔ အသစ္လဲေပးတာ ၊ Macbook ေတြရဲ႕ Keyboards ေတြ လဲေပးတာ ၊ ဟိုတေလာကပဲ ထြက္ရွိၿပီးတာ ႏွစ္ခ်ီေနတဲ့ iPhone 6s လိုဖုန္းမ်ိဳးကိုေတာင္ အဖက္လုပ္ၿပီး Repair Program ျပဳလုပ္ေပးလိုက္ပါေသးတယ္။ iPhone 6s Repair Program Link
More Details about Apple Repair Program



Software ပိုင္းနဲ႔ ပတ္သက္လို႔လဲ Security Flaw, software bugs, errors ဘယ္လိုမ်ိဳးပဲ ျဖစ္ျဖစ္ ေန႔ခ်င္းညခ်င္း update အသစ္ထုတ္ေပးပါတယ္။ ဒီလို Software Support မ်ိဳးကို android ေတြမွာ Pixel, One Plus နဲ႔ Android One ေတြေလာက္ကလြဲလို႔ ဘယ္ brand မွ မလုပ္ေပးပါဘူး။ Software update နဲ႔ ပတ္သက္လို႔လဲ ထြက္ရွိၿပီးတာ ၄ ႏွစ္ၾကာေနတဲ့ iPhone 6s ေတာင္ 2019 ရဲ႕ iOS 13 ကို အသုံးျပဳႏိုင္ပါတယ္။ အျခား Android ေတြမွာ Software Update ဆိုတာကို ရဖို႔ iOS ေလာက္မလြယ္ကူတာေတာ့ အမွန္ပါ။
9.Long Term Usage
Support ေတြ ၊ aftersale Service ေတြအေၾကာင္း ေျပာၿပီးၿပီဆိုေတာ့ Long term usage အေၾကာင္းေျပာရေအာင္
ဘယ္သူမွ ဒီေန႔ေခတ္မွာ Phone တစ္လုံးကို ၄/၅ ႏွစ္မသုံးပါဘူး။ သုံးခ်င္ရင္လဲ iPhone ေတြနဲ႔ အလိုက္ဖက္ဆုံးပါပဲ။ 2015 က iPhone 6s ေလးဟာ ဒီေန႔ 2019 မွာ iOS 13 နဲ႔ သာသာယာယာ အသုံးျပဳလို႔ရေနပါေသးတယ္။ 2015 တုန္းက ကြၽန္ေတာ့္ရဲ႕ Android flagship ေလးတစ္လုံးကေတာ့ Android 7.0 နဲ႔ အတိတ္မွာ က်န္ရစ္ေနခဲ့ရပါတယ္။ ကြၽန္ေတာ့္ ေဘာ္ဒါတစ္ေယာက္ဟာ 2014 က iPhone 6 ကို အခု 2019 ေရာက္မွ iPhone အသစ္တစ္လုံးနဲ႔ လဲပါတယ္။ Android flagship တစ္လုံးဝယ္ဖို႔ ဘယ္လိုမွ တိုက္တြန္းမရပဲ iPhone ပဲဝယ္ပါတယ္။ ဘာလို႔ဆို ဒီေကာင္က ဖုန္းတစ္လုံးကို ၅ ႏွစ္စီမံကိန္းနဲ႔ ကိုင္တဲ့ေကာင္မလို႔ပါ။ ဆိုေတာ့ ၾကာၾကာသုံးမဲ့ သူေတြအတြက္ iPhone ေတြက Software support & aftersale service ေကာင္းေကာင္းနဲ႔ အသင့္ေတာ္ဆုံးပါပဲ။



10.Brand Image
ဒီအခ်က္ဟာ လူေတာ္ေတာ္မ်ားမ်ား iPhone ေတြကို ဝယ္ယူတဲ့အခ်က္ဆိုရင္ မွားမယ္မထင္ပါဘူး။ :3
Apple အေနနဲ႔ သူ႔ရဲ႕ Brand Image ကိုဘယ္ေလာက္ယုံၾကည္လဲဆိုရင္ $999 တန္ Mac stand ထုတ္ေရာင္းတာသာ ၾကည့္ေတာ့ xD
တကယ္ပါ သာမန္လူတစ္ေယာက္ကို Android Flagship ဖုန္းတစ္လုံးနဲ႔ Latest iPhone တစ္လုံး ႏွစ္ခုယွဥ္ခ်ေပးရင္ ၁၀၀ မွာ ၉၀ က iPhone ကို ေ႐ြးမွာ အေသအခ်ာပါပဲ။ သင့္အေနနဲ႔ iPhone နဲ႔ မွန္ေရွ႕မွာ Mirror Selfie ႐ိုက္ဖူးတဲ့ သူတစ္ေယာက္ဆိုရင္ Apple ရဲ႕ Brand Image ဘယ္ေလာက္ရွိတယ္ဆိုတာ သိပါလိမ့္မယ္။ xD



Tech နဲ႔ မရင္းႏွီးတဲ့သူတစ္ေယာက္ဆိုရင္ iPhone ေတြဟာ အေကာင္းဆုံး ဆိုတဲ့ Concept ေလးေတြေတာင္ ရွိေနတတ္ၾကပါတယ္။
ေနာက္ဆုံးေပၚ iPhone တစ္လုံးကို ကိုင္ထားရတဲ့ Premium ျဖစ္မႉဆိုတာကိုလဲ ေနာက္ဆုံးေပၚ iPhone မကိုင္ဖူးတဲ့သူေတြအတြက္ေတာ့ နည္းနည္း လက္မခံခ်င္စရာေတာ့ရွိပါတယ္။
ဒါေပမဲ့ ႀကီးက်ယ္တဲ့ ပြဲတစ္ခု အခမ္းအနားတစ္ခု တက္တာမ်ိဳးမွာ ေနာက္ဆုံးေပၚ iPhone တစ္လုံးကိုင္သြားရင္ Apple ရဲ႕ Brand Image ကို သင္သိလာပါလိမ့္မယ္။ လူေတြဟာ iPhone တစ္လုံးကို သာမန္ Smartphone တစ္လုံးထက္ Luxury Brand တစ္ခုလိုမ်ိဳး ပိုၿပီးေတာင္ အသုံးခ်တတ္ၾကပါေသးတယ္။
11.Consistency
iPhone Series ေတြဟာ တစ္ႏွစ္မွာ တစ္ခါသာထြက္ေလ့ရွိပါတယ္။ ဟိုးအရင္တည္းက Apple ဟာ Consistency ေကာင္းေကာင္းနဲ႔ iPhone series ေတြကို ထုတ္လုပ္လာခဲ့တာ 11 ႏွစ္ iPhone 11 အထိတိုင္ခဲ့ပါၿပီ။ တစ္ႏွစ္ကို series 10 မ်ိဳးေလာက္အထိ ထုတ္ေနတဲ့ Brand ေတြနဲ႔ စာရင္ Apple ရဲ႕ ဒီလို Consistency ေကာင္းမႉေတြေၾကာင့္လဲ Brand Image ဟာ ဒီေလာက္ထိ ႀကီးက်ယ္သြားတာျဖစ္ပါတယ္။



12.Because Apple is Apple, iPhone is iPhone
ဟုတ္ပါတယ္။ ေနာက္ဆုံးအခ်က္ကလဲ iPhone ေတြဟာ Apple ရဲ႕ Masterpiece လက္ရာေတြျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ေတြဟာ iPhone အသစ္ေတြကို ေစ်းႀကီးေပးၿပီး ဝယ္ယူၾကတာျဖစ္ပါတယ္။
Because Apple is Apple ပါ xD



ယခုေရးသားေဖာ္ျပခဲ့တဲ့ ေဆာင္းပါးေလးဟာ Apple fan တစ္ေယာက္အေနနဲ႔ ေရးသားထားျခင္းျဖစ္ၿပီး အျခား Android Phone ေတြကို အျမင္မၾကည္လင္ျခင္း အလ်ဥ္းမရွိေၾကာင္း ထပ္မံေျပာပါရေစ။
Admin ကိုယ္တိုင္လဲ iOS နဲ႔ android ႏွစ္ခုလုံး အသုံးျပဳတာျဖစ္တဲ့အတြက္ ေနာက္တစ္ပတ္မွာ android ဖုန္းတစ္လုံးကို iPhone တစ္လုံးအစား ေ႐ြးခ်ယ္သင့္တဲ့ အခ်က္ေတြကို users တစ္ေယာက္ရဲ႕ Point of view ကေန ေရးသားေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photos from