Apple ရဲ့ AirPods Pro နဲ့ AirPods 2 တို့ရဲ့ အဓိက ကွာခြားချက်တွေက ဘာတွေလဲ?
AirPods 1 & 2 ပိုင်ရှင်တွေရော Pro ကို Upgrade လုပ်သင့်လား?
Unicode
Airpods Pro နဲ့ Airpods 2 ရဲ့ အဓိက ကွာခြားချက်ကတော့ Functionality ( လုပ်ဆောင်နိုင်စွမ်း ) မဟုတ်ပါဘူး။ Airpods Pro ရဲ့ အဓိက အားသာသွားမဲ့ အချက်က အသံ Qulaity နဲ့ နားထောင်ရတဲ့ experience ပဲ ဖြစ်ပါတယ်။
ကျန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အားလုံးနီးပါးကတော့ အတူတူပါပဲ။
Pro ရော Airpods 2 ရော မှာ Hey Siri လို့ ခေါ်ယူအသုံးပြုနိုင်မဲ့ တူညီတဲ့ H 1 Chip ကို အသုံးပြုထားတယ်။ Devices တွေနဲ့ Seamless Paring လဲ ပြုလုပ်နိုင်ပြီး Audio Sharing feature လဲ အသုံးပြုနိုင်ပါတယ်။ Audio တွေကို Airpods တွေကြားမှာ sharing ပြုလုပ်နိုင်မယ် ၊ ကိုယ့်ဆီ ဝင်လာတဲ့ messages တွေကို အသံထွက်ဖတ်ပြတာမျိုးတွေ ပြုလုပ်နိုင်မယ် စတဲ့ Features တွေအကုန် Pro နဲ့ Airpods 2 အတူတူပဲ ဖြစ်ပါတယ်။
Airpods Pro မှာ အကြီးမားဆုံး တိုးတက်မှူကတော့ Hardware Design ပြောင်းလဲသွားမှူနဲ့ noise cancellation and transparency mode ဆိုတဲ့ Features နှစ်ခု အပိုပါဝင်လာတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဇိုင်းပြောင်းလဲလိုက်မှူ နဲ့ Active Noise Cancellation Feature ကြောင့် စတေးလိုက်ရတာကတော့ Airpods 2 ထက် လျော့နည်းသွားတဲ့ Battery သက်တမ်းပဲ ဖြစ်ပါတယ်။
(ဒါပေမဲ့ ANC ကို ပိတ်ထားရင်တော့ Battery သက်တမ်းက Airpods 2 နဲ့ အတူတူပဲလို့ သိရပါတယ်။)
ပြီးတော့ Pro မှာ ရေစင်တာတွေကို ခံနိုင်မဲ့ IPX4 water-resistance feature ပါဝင်လာပြီး စျေးနှူန်းအနေနဲ့ကတော့ ပိုပြီး ကြီးမြင့်သွားပါတယ်။ သာမန် Classic Airpods 2 ရဲ့ စျေးနှူန်းဟာ $159 ( 2 သိန်းခွဲ ) ဝန်းကျင်သာ ရှိပေမဲ့ Airpods Pro ရဲ့ စျေးနှူန်းကတော့ $ 249 ( 4 သိန်းဝန်းကျင် ) လောက် ကျသင့်မှာ ဖြစ်ပါတယ်။
ဆိုတော့ Noise Cancellation ဆိုတာဘာလဲ?
Active Noise Cancellation Feature ပါဝင်တဲ့ Airpods Pro မှာ Audio တွေကို နားထောင်တဲ့အခါ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က အသံတွေကို Audio နဲ့ ရောထွေးမနေအောင် လျော့ချပေးမှာ ဖြစ်ပါတယ်။ ကိုယ်နားထောင်နေတဲ့ music ကို အတိကျဆုံးနဲ့ အပြတ်သားဆုံး အသံအရည်အသွေးရအောင် အကောင်းဆုံး စွမ်းဆောင်ပေးမှာပါ။ ဆိုတော့ Audio Crazy အတွက်တော့ Airpods Pro ရဲ့ Noise Cancellation Feature ဟာ ကြီးမားတဲ့ တိုးတက်လာမှူလို့ ပြောလို့ရပါတယ်။
ပြီးတော့ Airpods Pro ရဲ့ ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းပိုင်းကြောင့် Silicon Cap ဒီဇိုင်း ၃ မျိုးပါဝင်လာမှာ ဖြစ်ပြီး ကိုယ့်ရဲ့ နားနဲ့ အံဝင်ခွင်ကျဖြစ်မဲ့ Cap လေးတွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အရင် Airpods တွေထက်စာရင် Airpods Pro က နားထဲမှာ ပိုပြီး နေသားတကျရှိနေမှာ ဖြစ်ပါတယ်။
What is Transparency Mode?
ဒီ Feature က Active Noise Cancellation နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။
Airpods Pro မှာ Transparency Mode ကို ပြောင်းလဲလိုက်မယ်ဆိုရင် ပြင်ပက အသံတွေကို ကြားရမှာ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ စကားပြောလို့ အဆင်ပြေစေမှာပါ။ Outward and Inward Microphone တွေကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ၊ စက်ဘီးစီးတဲ့အခါ ၊ Gym မှာ အခြားသူတွေနဲ့ စကားပြောတဲ့အခါမျိုးမှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ကျန်တဲ့ Features တွေအနေနဲ့ ကိုယ့်ရဲ့နားနဲ့ ပိုမိုကိုက်ညီမဲ့ အသံ Quality တွေကို ထုတ်လုပ်ပေးမဲ့ Adaptive EQ, active noise cancellation နဲ့ transparency mode ကြားမှာ အကူးအပြောင်းလုပ်ဖို့အတွက် Force touch စတဲ့ အရာတွေ ပါဝင်လာပါတယ်။ ပြီးတော့ Pro မှာ အားသွင်းဖို့ USB Type C to lighting connector တစ်ပါတည်း ပါဝင်လာပါတယ်။ အရင် Airpods တွေမှာတော့ Traditional USB A cable သာ ပါဝင်ပါတယ်။ ဒီတစ်ချက်က iPhone 11 Pro Series တွေရဲ့ အားသွင်းကြိုးနဲ့ အတူတူဖြစ်သွားတာကြောင့် သင့်မှာသာ iPhone 11 Pro ရှိမယ်ဆိုရင် ခရီးသွားတဲ့အခါမျိုးမှာ အားသွင်းကြိုးတစ်ချောင်းသာ ယူဖို့ လိုအပ်ပါတယ်။
ဆိုတော့ Airpods Pro နဲ့ Airpods 2 ရဲ့ Spces တွေကို ကြည့်လိုက်ရအောင်
( ဒီ Article မှာ Airpods Pro ရဲ့ လုပ်ဆောင်ချက်အသေးစိတ်တွေကို Review မဟုတ်တဲ့အတွက် စာရှည်မှာ စိုးတာကြောင့် သေချာမဖော်ပြတော့ပါ။ )
ဒီတော့ Airpods 1 & 2 ပိုင်ရှင်တွေ အနေနဲ့ Airpods Pro ကို လဲသင့်လား?
- Airpods 1 ပိုင်ရှင်တွေအတွက် upgrade လုပ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် Airpods Pro ဟာ အကောင်းဆုံး ရွေးချယ်မှူ ဖြစ်ပါလိမ့်မယ်။
Airpods ကို အခုမှ စတင်ဝယ်ယူမဲ့သူတွေ
Apple ရဲ့ အကောင်းဆုံး accessory ကို လိုချင်တယ် Budget ကိုလဲ မစဉ်းစားဘူးဆိုရင် Airpods Pro ဟာ အကောင်းဆုံးသော ရွေးချယ်မှူဖြစ်ပါတယ်။
နောက်တစ်ချက်က အသံ အရည်အသွေး တစ်ခုထဲကိုပဲ ဂရုစိုက်တယ် Budget လဲ ကိစ္စမရှိဘူး သုံးမယ်ဆိုရင် Pro ကို သာ ပစ်ဝယ်ပလိုက်ပါ။
Airpods 2 ပိုင်ရှင်တွေ
သင်က Airpods ကို ဘယ်နေရာတွေမှာ အသုံးချလဲ ဆိုတာ ကို အရင်ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ သီချင်းနားထောင်တယ် Airpods 2 ရဲ့ အသံအရည်အသွေးဟာ ကိုယ့်အတွက်တော့ ပြည့်စုံတယ်ဆိုတဲ့ အနေအထားရှိတယ် ၊ ဖုန်းတွေပြောတယ် ကိုယ့်ရဲ့ Apple Devices တွေနဲ့ ချိတ်ဆက်အသုံးပြုတယ် စတဲ့အလုပ်တွေအကုန်လုံးကို Airpods 2 က ကောင်းကောင်းစွမ်းဆောင်ပေးနိုင်တယ်ဆိုရင် ဘာလို့ Noise Cancellation Feature လောက်ပဲ သိသိသာသာ ပိုသာတဲ့ စျေးကြီးပြီး Battery သက်တမ်း ပိုနည်းတဲ့ Airpods Pro ကို လဲမှာလဲ?
ကျွန်တော်သာဆိုရင် Airpods 2 ဟာ Daily Usage အတွက် အကုန်အဆင်ပြေတယ် ၊ Pro ထက်ပိုပြီး အသုံးခံတဲ့ Battery လဲပါတယ် ၊ သုံးထားတဲ့ Hardware တွေချင်းလဲ တူတယ် ၊ စျေးလဲ သက်သာတယ် ၊ Personal အမြင်အရ Airpods 2 ရဲ့ ဒီဇိုင်းလေးဟာ ပိုပြီး လှတယ်လို့ ခံစားရတဲ့အတွက် Airpods Pro ကို လဲ ဖြစ်လောက်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ Airpods Pro ဟာ လက်ရှိမှာ Apple ရဲ့ အကောင်းဆုံး Music Accessory ဖြစ်တယ် ၊ အကောင်းဆုံးသော အသံအရည်အသွေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် budget ကိုမစဉ်းစားတဲ့ Apple ချစ်သူတွေ အတွက်တော့ Upgrade လုပ်သင့် ၊ ဝယ်ယူသင့်တဲ့ Accessory တစ်ခု ဖြစ်ပါကြောင်း …
မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ?
Airpods Pro ဟာ Upgrade မြှင့်သင့်တဲ့ Airpods တစ်ခုလား?
Airpods Pro ရဲ့ ဒီဇိုင်းကိုရော သဘောကျရဲ့လား?
Ref: iMore
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photos from Apple & iMore
Apple ရဲ့ Airpods Pro နဲ့ Airpods 2 ရဲ့ အဓိက ကွာခြားချက်တွေက ဘာတွေလဲ?
Airpods 1 & 2 ပိုင်ရှင်တွေရော Pro ကို Upgrade လုပ်သင့်လား?
ပြီးတော့ Pro မှာ ရေစင်တာတွေကို ခံနိုင်မဲ့ IPX4 water-resistance feature ပါဝင်လာပြီး ဈေးနှူန်းအနေနဲ့ကတော့ ပိုပြီး ကြီးမြင့်သွားပါတယ်။ သာမန် Classic Airpods 2 ရဲ့ ဈေးနှူန်းဟာ $159 ( 2 သိန်းခွဲ ) ဝန်းကျင်သာ ရှိပေမဲ့ Airpods Pro ရဲ့ ဈေးနှူန်းကတော့ $ 249 ( 4 သိန်းဝန်းကျင် ) လောက် ကျသင့်မှာ ဖြစ်ပါတယ်။
ဒီတော့ Aipods 1 & 2 ပိုင်ရှင်တွေ အနေနဲ့ Airpods Pro ကို လဲသင့်လား?
ကျွန်တော်သာဆိုရင် Airpods 2 ဟာ Daily Usage အတွက် အကုန်အဆင်ပြေတယ် ၊ Pro ထက်ပိုပြီး အသုံးခံတဲ့ Battery လဲပါတယ် ၊ သုံးထားတဲ့ Hardware တွေချင်းလဲ တူတယ် ၊ ဈေးလဲ သက်သာတယ် ၊ Personal အမြင်အရ Airpods 2 ရဲ့ ဒီဇိုင်းလေးဟာ ပိုပြီး လှတယ်လို့ ခံစားရတဲ့အတွက် Airpods Pro ကို လဲ ဖြစ်လောက်မှာ မဟုတ်ပါဘူး။
Ref: iMore
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗