Fan Edition (FE) လို့ မှည့်ခေါ်ကြတဲ့ S21 FE 5G တွေကတော့ တရားဝင် ထွက်ရှိလာပါပြီ။ မနှစ်က ဆိုရင် S20 ရဲ့ Fan Edition က S20 FE ဖြစ်ပါတယ်။ အရင် S20 FE တုန်းက 4G နဲ့ 5G ဆိုပြီး Variant တွေ ကွဲခဲ့သလို အသုံးပြုတဲ့ SoC တွေက Region အလိုက် Exynos နဲ့ Snapdragon ဆိုပြီး ကွဲလွဲခဲ့ပါတယ်။

ဒီနှစ် S21 FE 5G တွေလဲ ထိုနည်းလည်းကောင်းပါပဲ။ Specifications လေးတွေ ကြည့်ကြတာပေါ့။
S21 FE 5G မှာ 6.4 inches 1080p Super AMOLED 120Hz Display ကို အသုံးပြုထားပြီး Snapdragon 888 version နဲ့ Exynos 2100 version ဆိုပြီး Region အလိုက် ခွဲထားပါတယ်။

ဒီဇိုင်းပိုင်း နဲ့ Hardware တော်တော်များများ S21 နဲ့ အတော်လေး ဆင်တူပါတယ်။ S21 ရဲ့ Display က 6.2″ ဆိုတော့ S21 FE ရဲ့ 6.4″ က အနည်းငယ်တော့ ပိုကြီးပါတယ်။
Cameras တွေအနေနဲ့လဲ S21 ရဲ့ နောက်ကျောဘက်က Setup အစ သုံးထားတဲ့ Hardware အဆုံး အကုန်တူတူပါပဲ။ ဒါပေမယ့် S21 မှာတော့ Camera Bump ကို Metal အသုံးပြုထားတာဖြစ်ပြီး S21 FE ကတော့ Fan Edition တို့ ထုံးစံအတိုင်း Camera Bump ရော၊ Body ကို ရော Plastic ပဲ သုံးပေးထားပါတယ်။

Battery အနေနဲ့ 4500mAh ကို သုံးပေးထားပြီး 25W wired charging နဲ့ 15W wireless charging ရရှိပါမယ်။ IP68 weather-resistance rating လဲ ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ Base Model က 699$ (၁၄ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ Graphite, Lavender, Olive နဲ့ White ဆိုပြီး ၄ ရောင် ရွေးချယ်နိုင်ပါတယ်။
Storage Options တွေကတော့ 6/8GB RAM, 128GB/256GB ROM ဆိုပြီး Variant ကွဲတွေ ရှိပါမယ်။

Ref: The Verge
Images credit to The Verge and SoyaCincau