နှစ်စကတည်းက Samsung Galaxy S21 FE ထွက်လာတော့မယ်ဆိုပြီး ကောလဟာလတွေ ကျွန်တော်တို့ ကြားခဲ့ရပြီးပါပြီ။ အရင်ထွက်ခဲ့ပြီးသား Leaks တွေအရ ၁၀ လပိုင်းလောက်မှာ တရားဝင်မိတ်ဆက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိမလာခဲ့တာဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေအရ Samsung ဟာ S21 FE အတွက် လိုအပ်တဲ့ Component အချို့နဲ့ 2021 မှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ Chip Shortage ပြသနာကြောင့် တရားဝင်မိတ်ဆက်ဖို့ နှောင့်နှေးနေရတာဖြစ်ပါတယ်။

ဒါပေမဲ့ မကြာခင်မှာ မိတ်ဆက်လာတော့မယ့် Galaxy S22 flagship series ဖုန်းတွေထုတ်လုပ်ရာမှာလဲ Samsung က Chip Storage ပြသနာနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ ဆိုတော့ ဒီလို အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်မှူ ခရီးတော်တော်ရောက်နှင့်နေပြီးသား S21 FE ကို မိတ်ဆက်လိုက်ပြီး S22 Series တွေ နောက်ကျနိုင်တဲ့ ပြသနာကို ခဏတာ ဖြေရှင်းဖို့ကြိုးစားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆိုတော့ အခုနောက်ဆုံး Leaks တွေအရတော့ January မှာ ကျင်းပသွားမယ့် CES 2022 ပွဲမှာ Samsung အနေနဲ့ Galaxy S21 FE တွေကို မိတ်ဆက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြီးရင်တော့ တစ်ဆက်တည်း February လမှာ S22 Series နဲ့ Tab S8, Tab S8 Ultra တွေကို Unpack Event တစ်ခုပြုလုပ်ပြီး တောက်လျှောက်ပွဲထုတ်လာနိုင်ခြေရှိပါတယ်။
Galaxy S21 FE Specifications (Rumors)
Rumors တွေ အရ S21 FE ဟာ 120Hz Refresh Rate ရတဲ့ 6.4 လက်မ AMOLED Display ကို တပ်ဆင်ထားပါတယ်။ ကျောဘက်ကတော့ Fan Edition တွေထုံးစံအတိုင်း အရောင်စုံစုံလင်လင်နဲ့ ပလတ်စတစ်ကာဗာပဲဖြစ်ပြီးတော့ Under Display Fingerprint လဲပါဝင်ပါလိမ့်မယ်။ Snapdragon 888 SoC ကိုသုံးထားပြီးတော့ Samsung ရဲ့ထုံးစံအတိုင်း Exynos 2100 သုံးထားတဲ့ Model ကွဲတွေလဲ လာနိုင်ပါတယ်။

Cameras တွေအနေနဲ့ မနှစ်က S20 FE မှာ 12 MP သုံးခဲ့ရာကနေ ဒီနှစ် S21 FE မှာတော့ 32MP main ကို ပြောင်းသုံးထားမယ်လို့ သိရပြီး ကျန်တဲ့ 12MP Ultra Wide, 8MP Telephoto Lens တွေကတော့ အရင် S20 FE နဲ့ အတူတူပဲလို့ သိရပါတယ်။
Battery အနေနဲ့ 4500mAh ပါရှိပြီး 25W Fast Charging နဲ့တွဲဖက်ထားပါတယ်။ Android 12 ကိုအခြေခံထားတဲ့ OneUI 4.0 နဲ့အတူထွက်ရှိလာမယ်လို့ သတင်းတွေ ထွက်ထားပါတယ်။

အရောင်အနေနဲ့ကတော့ gray, white, light purple နဲ့ light green ၄ ရောက် ထွက်ရှိလာနိုင်ပြီး အချို့ region တွေအတွက် Blue တစ်ရောင်လဲ မိတ်ဆက်နိုင်ပါတယ်။

Ref: LetsGoDigital
Images are credited to LetsGoDigital