ဒီနေ့မှာတော့ Redmi note 11 series အသစ်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီ Note 11 series အသစ်မှာတော့ Note 11, Note 11 Pro နဲ့ Note 11 Pro+ ဆိုပြီး Model သုံးမျိုးနဲ့လာမှာဖြစ်ပြီးတော့ ဒီဇိုင်းအသစ်တွေ Chipset အသစ်တွေနဲ့ Feature အသစ်တွေပါဝင်လာပါတယ်။
ဖုန်း ၃ မျိုးလုံးမှာတော့ Redmi ရဲ့ထုံးစံအတိုင်း IR Blaster တွေ JBL-Tuned Stereo Speaker တွေ IP 53 Rating တွေ Side-mounted fingerprint scanner တွေနဲ့အတူ 3.5mm port လဲပါဝင်ပါသေးတယ်။ ဖုန်းတစ်မျိုးချင်းစီရဲ့ အကြောင်းတွေကိုတော့ အောက်မှာဆက်လက်ဖော်ပြပေးပါမယ်။

Redmi Note 11
Redmi Note 11 ကိုတော့ 90Hz Refresh Rate ရတဲ့ 6.67 လက်မအကျယ်ရှိ FHD+ AMOLED Display တပ်ဆင်ထားပါတယ်။ SOC အနေနဲ့ MediaTek ရဲ့ Dimensity 810 နဲ့မောင်းနှင်ထားပြီးတော့ RAM 6GB နဲ့ internal storage 128GB ပါဝင်ပါတယ်။ Fast Charging အနေနဲ့ 33W ထိရပြီးတော့ 5000mAh Battery တပ်ဆင်ထားပါတယ်။ နောက်ဖက်မှာ 50MP Main Camera နဲ့ 8MP Ultra-Wide Camera တို့နဲ့အတူ 16MP Selfie Camera တို့ပါဝင်ပါတယ်။

Redmi Note 11 Pro
Redmi Note 11 Pro ကိုတော့ 120Hz Refresh Rate 320 Hz Touch Sampling Rate ရတဲ့ 6.67 လက်မအကျယ်ရှိ FHD+ AMOLED Display တပ်ဆင်ထားပါတယ်။ SOC အနေနဲ့ MediaTek ရဲ့ Dimensity 920 နဲ့မောင်းနှင်ထားပြီးတော့ RAM 8GB နဲ့ internal storage 256GB ထိပါဝင်ပါတယ်။ Fast Charging အနေနဲ့ 67W ထိရပြီးတော့ 5160mAh Battery တပ်ဆင်ထားပါတယ်။ နောက်ဖက်မှာ 108MP Main Camera 8MP Ultra-Wide Camera တို့နဲ့အတူ 2MP Macro Camera တို့လဲပါဝင်ပါတယ်။ ရှေ့ဘက်မှာကတော့ 16MP Selfie Cameraပါဝင်ပါတယ်။

Redmi Note 11 Pro+
Redmi Note 11 Pro+ မှာလဲ Redmi Note 11 Pro လို 120Hz Refresh Rate 320 Hz Touch Sampling Rate ရတဲ့ 6.67 လက်မအကျယ်ရှိ FHD+ AMOLED Display တပ်ဆင်ထားပါတယ်။ SOC အနေနဲ့ MediaTek ရဲ့ Dimensity 920 နဲ့မောင်းနှင်ထားပြီးတော့ RAM 8GB နဲ့ internal storage 256GB ထိပါဝင်ပါတယ်။

Battery အနေနဲ့ 4500mAh ပါဝင်ပြီးတော့ 120W Fast Charging နဲ့တွဲဖက်ထားတာဖြစ်တဲ့အတွက် ၁၅မိနစ်အတွင်းမှာ အားအပြည့်သွင်းနိုင်မယ်လို့ Redmi ကကြေငြာထားပါတယ်။ Camera အနေနဲ့ကတော့ Note 11 Pro နည်းတူပဲ နောက်ဖက်မှာ 108MP Main Camera 8MP Ultra-Wide Camera တို့နဲ့အတူ 2MP Macro Camera တို့ပါဝင်ပါတယ်။ ရှေ့ဘက်မှာကတော့ 16MP Selfie Cameraပါဝင်ပါတယ်။
ဈေးနှုန်းတွေအနေနဲ့ကတော့ Basic model တွေကို
Redmi Note 11 (ယွမ် ၁၁၉၉) မြန်မာငွေ ၃သိန်း ၄သောင်းဝန်းကျင်
Redmi Note 11 Pro (ယွမ် ၁၅၉၉) မြန်မာငွေ ၄သိန်း ၅သောင်းဝန်းကျင်
Redmi Note 11 Pro+ (ယွမ် ၁၈၉၉) မြန်မာငွေ ၅သိန်း ၄သောင်းဝန်းကျင် ကျသင့်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ယနေ့ပေါက်ဈေးတွေနဲ့တွက်ချက်ထားတာဖြစ်ပြီးတော့ ငွေဈေးပြောင်းလဲမှုပေါ်မူတည်ပြီး ဈေးနှုန်းတွေလဲ ပြောင်းလဲနိုင်ပါသေးတယ်။
