Xiaomi ကနေ Brand သပ်သပ်တစ်ခုလို ဖြစ်လာတဲ့ Redmi အနေနဲ့ ဖုန်းတွေသာမက routers တွေ၊ IoT Devices တွေနဲ့ Home Appliances တွေကို စတင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအခါမှာတော့ Redmi အနေနဲ့ Fitness Band တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
Redmi ရဲ့ Fitness Band က Xiaomi Mi Band တွေနဲ့ ဒီဇိုင်းပိုင်းကွဲပြားပြီး Huawei/Honor, realme Band တွေနဲ့ နည်းနည်းဆင်တူပါတယ်။ 1.08 လက်မ လေးထောင့်ပုံ color display ကို အသုံးပြုထားပြီး Direct USB charging ပြုလုပ်နိုင်ပါတယ်။

Redmi ရဲ့ အဆိုအရ အားအပြည့်သွင်းထားရင် ၁၄ ရက် အသုံးခံမယ်လို့သိရပါတယ်။ Battery Life ကတော့ သဘောကျစရာကောင်းပါတယ်။ Tracking လုပ်ဖို့ sports modes ၅ ခု အထိပါဝင်ပြီး နှလုံးခုန်နှုန်းတိုင်းတာပေးမဲ့ Heart Rate Sensor လဲ ပါဝင်ပါသေးတယ်။ အိပ်ချိန်တွေကို monitor လုပ်ပေးနိုင်မဲ့ sleep monitoring support လဲ ပါဝင်ပါတယ်။
Mi Band 4 နဲ့ အဓိက ကွာခြားသွားတာကတော့ NFC မပါဝင်တာဖြစ်ပြီး Tracker ရဲ့ အရောင်က အနက်ရောင် ဖြစ်ပါတယ်။ ကြိုးအရောင်တွေကိုတော့ orange, olive green, blue နဲ့ black ဆိုတဲ့ အရောင်လေးရောင် ရွေးချယ်နိုင်မှာဖြစ်ပြီး ရောင်းချမဲ့ဈေးနှုန်းကတော့ 14$, မြန်မာငွေ ၂ သောင်းဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ China မှာ Apr 9 ရက်နေ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
Source: Gizmochina