Xiaomi အနေနဲ့ Redmi Note 9 series ရဲ့ တစ်ဆင့်နိမ့်တယ်လို့ပြောရမဲ့ Redmi 9 series ကို Spain နဲ့ Malaysia မှာ တရားဝင်မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ China Market (China ROM) အတွက်တော့ အခုလာမဲ့ June 24 ရက်နေ့ရောက်မှ Pre-Sale စတင်မှာဖြစ်ပါတယ်။

ဆိုတော့ Redmi 9 ရဲ့ ဈေးနှူန်းက Global Models တွေဟာ ထုံးစံအတိုင်း ဈေးများနေတာဖြစ်ပြီး China အတွက် ထွက်ရှိလာခဲ့မယ်ဆိုရင်တော့ ပိုပြီး ဈေးသက်သာလာတော့မှာ ဖြစ်ပါတယ်။ Redmi 9 3/32GB ရဲ့ Spain မှာ ရောင်းချတဲ့ဈေးနှုန်းက €139 (၂ သိန်း ၂ သောင်း) ဝန်းကျင်နဲ့ 4/64GB ရဲ့ ဈေးနှုန်းက €169 (၂ သိန်း ၇ သောင်း) ဝန်းကျင်ဖြစ်ပါတယ်။

ဆိုတော့ ဒီဈေးနှုန်းတွေ နဲ့ ပြည်တွင်းက ဈေးတွေကို ကြည့်လိုက်ရင် Global Redmi 9 က Redmi 10X 4G (Redmi Note 9) ထက်တောင် ဈေးများနေသေးတာပါ။ Note မဟုတ်တဲ့ ရိုးရိုး series တွေက Note Series ထက် ဈေးသက်သာလေ့ရှိတာကြောင့် China Market မှာ မိတ်ဆက်ရင် starting price ၂ သိန်းအောက်နဲ့ ဖြစ်နိုင်ပါတယ်။

Budget level ၂ သိန်းအောက်၊ ၂ သိန်းဝန်းကျင် ဖုန်းတွေကို စောင့်နေတဲ့သူတွေအတွက် Redmi 10X 4G ထက် ဈေးပိုသက်သာနိုင်တဲ့ Redmi 9 series (China Model) တွေက ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။ ဆိုတော့ Budget ဖုန်းဝယ်မဲ့သူတွေ Redmi 9 ကို ခဏလောက်စောင့်ကြည့်သင့်ပါတယ်။ ပြီးတော့ China Models တွေက Global လို Storage မနည်းပဲ 4/64GB, 4/128GB နဲ့ 6/128GB ဆိုပြီး Storage ပိုများများလဲ ရမယ်လို့ သိရပါတယ်။
ဈေးနှူန်းအတိအကျကိုတော့ မသိရသေးပဲ အရောင်တွေအနေနဲ့ Carbon Black, Neon Blue, Pink နဲ့ Dark Green ဆိုပြီး Global နဲ့ ယှဉ်ရင် ပန်းရောင်တစ်ရောင် ထပ်တိုးလာမှာ ဖြစ်ပါတယ်။

ကျန်တဲ့ Specifications တွေကတော့ Global Models တွေနဲ့ အတူတူပါပဲ။ 6.53-inch FHD+ Display, Gorilla Glass 3 Protection, MTK Helio G80 SoC, 13+8+5+2 camera ၄ လုံး၊ 8MP Selfie camera နဲ့အတူ 5,020mAh battery with 18W Fast Charging တို့ပဲ ဖြစ်ပါတယ်။
(Global models တွေမှာတော့ ဖုန်းဘူးထဲမှာ 10W Charger ပဲ ထည့်ပေးထားပါတယ်။ China Models တွေမှာ ဘယ်လောက် Watt Charger ထည့်ပေးမလဲဆိုတာတော့ မသိရသေးပါ။)

Source: Gizmochina | Featured Image credit to XDA Developers