realme Watch, realme Buds Air Neo တို့နှင့် ၇ ရက်တာခရီး

0 Shares

မနေ့ကတင်ပဲ realme Myanmar က realme Watch, realme Buds Air Neo နဲ့ realme Band ဆိုပြီး AIoT ( Artificial Intelligence of things) Devices အသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်တို့ Tech Corner အနေနဲ့ realme Watch နဲ့ Buds Air Neo တွေကို ၁ ပတ်တာ စမ်းသပ်သုံးကြည့်ပြီးသွားပြီဖြစ်လို့ ဒီ ၁ ပတ်အတွင်း ရရှိခဲ့တဲ့ user experience ကို sharing ပြန်လုပ်ပေးထားတဲ့ ပုံစံမျိုးလေး ရေးသားလိုက်ပါတယ်။

*Review Unit တွေ စောစောစီးစီး စမ်းသပ်ခွင့်ပေးတဲ့ realme Myanmar ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ So let’s start…

realme Watch (ဈေးနှူန်း – 79900ကျပ်)

ကျွန်တော်က user experience ကို စာနဲ့ပဲ ရေးတာမလို့ watch ရဲ့ ပုံပန်းသွင်ပြင် အသေးစိတ်ကိုတော့ video creators တွေဆီကနေ ကြည့်ပေးပါလို့ အရင်ဦးဆုံး တောင်းဆိုချင်ပါတယ်။

1.Design and Built Quality

Screen ကို off ထားတဲ့အချိန်လက်မှာပတ်ထားရင် Apple Watch နဲ့ တော်တော်လေးဆင်တဲ့ လေးထောင့်စပ်စပ် Watch မျက်နှာပြင်ကို တွေ့ရမှာပါ။ ဒါပေမဲ့ Screen ပွင့်နေရင်တော့ watch face ရဲ့ အောက်ခြေက Chin ထူထူကြီးက Apple Watch ဆီကနေ လုံးဝကွဲထွက်နေတာကို တွေ့ရပါလိမ့်မယ်။

IPS LCD Display သုံးထားပြီး 323 ppi နဲ့ အလင်းအား 380 nits အထိရှိလို့ နေရောင်အောက်မှာ ကြည့်လို့ အဆင်ပြေတဲ့ Display တစ်ခုလို့ ဆိုရမယ်။ Display ပိုင်းမှာ သူ့ဈေးနဲ့ AMOLED ဖြစ်‌မနေခြင်းကိုတော့ သိပ်ပြီး အပြစ်မမြင်မိပေမဲ့ အောက်ဘက်က Chin ထူနေတာတော့ ကြည့်ရတာ နည်းနည်း ကိုးလိုးကန့်လန့်ဖြစ်နေပါတယ်။ ဘေးဘက်က Side Button ကို အဝါရောင် Accent လေး ထည့်ပေးထားတာမျိုးက realme logo နဲ့ ပနံသင့်နေတယ်ပေါ့။

Built Quality ပိုင်းမှာ Plastic Body ကို သုံးပေးထားလို့ နည်းနည်းလေး အားမရမိပေမဲ့ Plastic Body ကြောင့်ပဲ ဝတ်ထားရတာ တော်တော်လေး ပေါ့ပေါ့ပါးပါးရှိတယ်။ ဒီ‌နေရာမှာ နာရီဆိုရင် စီးစီးပိုင်ပိုင် ခပ်လေးလေး ဆိုတာမျိုး သဘောကျတတ်တဲ့သူတွေအတွက်တော့ ဒီကောင့်ကို သိပ်သဘောတွေ့မယ်လို့ မထင်မိ…

2.Features

Smart Watch နာမည်ခံထားပေမဲ့ Wear OS နဲ့ run ထားတဲ့ နာရီတစ်လုံးမဟုတ်တဲ့အတွက် Application တွေ သုံးလို့မရပါဘူး။ ဆိုလိုတာ နာရီထဲမှာ ပါလာတဲ့ features တွေကိုပဲ သုံးလို့ရပါမယ်။ Full Review မဟုတ်တဲ့အတွက် features တွေကို ခပ်မြန်မြန်လေးပဲ ရေးထားပါတယ်။

Rumning, Football, Yoga စတဲ့ Workouts ၁၄ မျိုးအထိ Track လုပ်ပေးနိုင်ပါတယ်။ တော်တော်လေး တိကျတယ်ပြောရမဲ့ Heart Rate Sensor, SpO2 (Oxygen Saturation in Blood တိုင်းတာပေးမဲ့) sensor တွေအပြင် အိပ်ချိန်တွေကို Tracking လုပ်ပေးနိုင်တဲ့ feature လဲ ပါဝင်ပါတယ်။ Smartwatch တစ်လုံးဆိုတာထက် Fitness Tracker တစ်ခုအနေနဲ့တော့ ပြည့်စုံတဲ့ features တွေ ပါတယ်လို့ ဆိုချင်မိ…

အခြား features တွေအနေနဲ့ Meditation (လေဝင်၊ လေထွက် မှတ်သားပေးနိုင်)၊ ကိုယ့်ဖုန်းက သီချင်းဖွင့်ထားရင် နာရီကနေ သီချင်း ရှေ့၊နောက် ကျော်တာ၊ အသံအတိုးအချဲ့လုပ်နိုင်တာတွေ၊ ဖုန်းကင်မရာက shutter button ကို နှိပ်စရာမလိုပဲ နာရီကနေတဆင့် ရိုက်လို့ရတာမျိုးတွေ၊ ရာသီဥတု အခြေအနေ ပြပေးနိုင်တာမျိုးတွေ စသည်ဖြင့် စုံစုံလင်လင်တော့ ရှိတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး Find My Phone ဆိုတဲ့ feature လေးက ကိုယ့်ဖုန်းနဲ့ နာရီ Pair လုပ်ထားပြီး Bluetooth ရောက်နိုင်တဲ့ အကွာအဝေး တစ်နည်း ကိုယ့်အိမ်တွင်းမှာပဲ ဖုန်းရှာမတွေ့ရင်၊ အထားမှားနေရင် ဖုန်းကို အသံမြည်ခိုင်းပြီး ရှာလို့ ရပါတယ်။

အရေးကြီးဆုံးအရာဖြစ်တဲ့ IP 68 လဲ certified ဖြစ်ပါတယ်။ Smartwatch တစ်လုံးအတွက်က မိုးရွာထဲမှာ ဝတ်တာမျိုး၊ ရေဝတ်ချိုးတာမျိုး၊ အားကစားလုပ်ရင် ချွေးစိုတာမျိုးတွေအတွက် IP 68 က လိုကို လိုအပ်ပါတယ်။

သဘောအကျဆုံးက facebook, instagram, viber, messenger စတဲ့ Application အကုန်နီးပါး Notification တွေကို မြန်မာလို မှန်အောင် ပြပေးနိုင်ပါတယ်။ အမှားအယွင်းမရှိပဲ ဖတ်လို့ရတာလေးတော့ သဘောကျမိ…

ဆိုတော့ ဒီ features တွေ စုံစုံလင်လင်ကို ထိန်းချုပ်နိုင်မဲ့ တစ်ခုတည်းသောအရာက realme link ဆိုတဲ့ Application ဖြစ်ပါတယ်။ Play Store မှာ အလွယ်တကူ ဒေါင်းလို့ရပြီး watch, band နဲ့ Buds Air တွေကို ချိတ်ဆက်လို့ ရပါတယ်။ realme အနေနဲ့ ecosystem တစ်ခုကို စပြီးတည်ဆောက်နေပြီလို့ ပြောလို့တော့ မရသေးပေမဲ့ ဒီ realme link က realme ရဲ့ ပထမဦးဆုံး ခြေလှမ်းလို့ ဆိုရမယ်။ 1st Gen အနေနဲ့ Hardware Devices တွေရော၊ realme link application ကရော တော်တော်လေး အဆင်ပြေ‌‌ပြေနဲ့ harmony ဖြစ်နေတာကိုတော့ ချီးကျူးချင်ပါတယ်။

Watch အတွက် စရရချင်းကနေ တစ်ပတ်အတွင်း software update ကိုလဲ ၂ ခါတောင် ပေးထားတာလေးကလဲ မဆိုးလှ…

3.Battery

Smartwatch တစ်လုံးရဲ့ အသက်က Battery လို့ ပြောရင် စာဖတ်သူတွေ လက်ခံနိုင်မယ်ထင်ပါတယ်။ ဖုန်း၊ Tablet, laptop, TWS နားကြပ်… အားသွင်းစရာတွေ ပုံနေတဲ့ ဒီနေ့ခေတ်မှာ ဒီကောင်တွေကို နေ့စဉ်အားသွင်းရတာ တကယ့်အာရုံ… ဆိုတော့ realme watch မှာ 160mAh Battery ပါမယ် heart rate ကို 5mins တိုင်းတစ်ကြိမ်တိုင်းဖို့ setting လုပ်ထားရင် ၇ ရက်ခံမယ်လို့ ကြေငြာထားပါတယ်။ ကျွန်တော်သုံးကြည့်တာ ၅ ရက် ရတယ်ဆိုတော့ Smartwatch တစ်လုံးအတွက် အရမ်းကောင်းပါတယ်ဆိုတဲ့ Battery Life မရှိပေမဲ့ ညံ့တဲ့အထဲမှာတော့ မပါဘူးလို့ ဆိုရမယ်။ အားပြန်သွင်းဖို့အတွက် Magnetic Charger လေး ဘူးထဲမှာ ထည့်ပေးထားပြီး 0-100% ကို ၂ နာရီဝန်းကျင်အချိန်ပေးရပါတယ်။

၁ ပတ်အတွင်း ကျွန်တော်စမ်းသုံးကြည့်ပြီးတဲ့နောက် watch ရဲ့ features တွေ အကုန်နီးပါး အဆင်ပြေသလို realme link Application ကနေလဲ ကိုယ်လုပ်ထားတဲ့ လေ့ကျင့်ခန်းတွေ၊ watch ရဲ့ setting တွေကို ကောင်းကောင်းလေး manage လုပ်နိုင်တာ တွေ့ရတယ်။ ဒီ ၁ ပတ်အတွင်း သိပ်အဆင်မပြေတဲ့နေရာ ပြောပါဆိုရင် နာရီကြည့်ဖို့ လက်ကို မ လိုက်ရင် မြင်ရမဲ့ Raise to wake က တစ်ခါတစ်လေ အလုပ်မလုပ်ချင်တာမျိုး၊ နည်းနည်းလေး လက်ကို ထပ်လှုပ်လိုက်မှ ပေါ်လာတာမျိုးလေးတွေ ရှိမယ်။

အဓိက ပြသနာကတော့ Gorilla Glass 3 Display ပါ။ ၁ ပတ်အတွင်း ဘာမှ ကြမ်းကြမ်းတမ်းတမ်းထိမိတာမရှိပဲ ကျွန်တော့်ဖုန်း နောက်ကျော Glass နဲ့ နာရီ ပွတ်မိသွားတာမျိုးမှာ အစင်းလေး အနည်းငယ် ထင်သွားတာ တွေ့ရပါတယ်။ ဆိုတော့ screen guard လိုမျိုး ထွက်လာရင် ကပ်သုံးတာ ပိုကောင်းပါလိမ့်မယ်။

4.realme Watch အပေါ် အမြင်

အပေါ်မှာ ပြောခဲ့သလိုပဲ Android Wear OS နဲ့ run ထားတဲ့ နာရီတစ်လုံးမဟုတ်တဲ့အတွက် Smartwatch စစ်စစ် feeling မရပဲ Fitness Band ဥပမာ မြင်သာအောင် ပြောရရင် Mi Band တို့လို fitness band တစ်ခုကို Smartwatch ပုံစံ မျက်နှာပြင် ကြီးကြီး တစ်ခုအဖြစ်ပြောင်းထားတဲ့ အတွေ့အကြုံမျိုး ရပါတယ်။ But, come on… ၈ သောင်းဆိုတဲ့ ဈေးမှာတော့ Chin ထူတာရယ်၊ Display က အရမ်းအကြမ်းမခံတာရယ်လောက်ကလွဲရင် မဆိုးလှတဲ့ Smartwatch တစ်လုံးလို့ မြင်တယ်။ Fitness Band တွေလို Display သေးသေးလေးပေါ်မှာ Notification ကောင်းကောင်းဖတ်မရတာမျိုးတွေ မရှိသလို မြန်မာစာကို ကောင်းကောင်းကြီး support လုပ်တာတော့ တော်တော်လေး မိုက်ပါတယ်။

ဈေးက မနေ့ကမှ ကြေငြာတော့ အဲ့မတိုင်ခင် ဈေးကို 999,00 လောက်ဖြစ်မယ် မှန်းထားပြီး သိပ် recommend မပေးချင်ဖြစ်နေခဲ့တာ… ဒါပေမဲ့ ဒီနေ့ ကြေငြာတော့မှ ၈ သောင်းဆိုတဲ့ ဈေးမှာတော့ Smartwatch တစ်လုံးကို သုံးရတာ ဘယ်လိုနေမလဲဆိုတာမျိုး စမ်းချင်တဲ့သူတွေအတွက် မြန်မာပြည်ဈေးကွက်မှာ မဆိုးလှတဲ့ sweet spot လေး တစ်ခုဖြစ်နေတယ်လို့ မြင်မိတယ်။

But, မိတ်ဆွေက LCD Display နဲ့ Chin ထူထူနာရီကြီးမကြိုက်ပါဘူးဆိုရင်တော့ ဈေးပိုသက်သာတဲ့ ၃ သောင်းတန် realme Band or Mi Band တွေကိုပဲ တစ်ချက်စမ်းကြည့်သင့်ပါကြောင်း…

realme Buds Air Neo (ဈေးနှုန်း – 49,990 ကျပ်)

စာလဲ ရှည်လှပြီမလို့ realme Buds Air (၇ သောင်းတန်) နဲ့ ဒီကောင် Neo (၅ သောင်းတန်) ရဲ့ ကွာခြားချက်လေးတွေကိုပဲ ရေးလိုက်ပါတော့မယ်။ အသံ Quality, ဒီဇိုင်းကာလာ ဘာညာတွေ အတွက် အရင် Buds Air တုန်းက ကျွန်တော် Full Review လုပ်ထားတဲ့ video လေးကို ဒီနေရာကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။

အရင် Buds Air နဲ့ ပုံပန်းသဏ္ဍန် အကုန်နီးပါး အတူတူပါပဲ။ အဓိက ကွာခြားသွားမှာက Neo မှာ Wireless Charging နဲ့ ENC (Environment Noise Cancellation technology) မပါတော့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ နားကြပ်တပ်ထားတုန်း နားကနေ ချွတ်၊ ကျွတ်တာနဲ့ Media ကို ရပ်ပေးမဲ့ Wear Detection လဲ ပါမလာတော့ပါဘူး။

အဆိုးဆုံးကတော့ Neo မှာ အားသွင်းဖို့အတွက် USB Type C မဟုတ်ပဲ Micro USB ကြီးနဲ့ပါ။ ကျန်တာတွေ သိပ်ကိစ္စမရှိပေမဲ့ ဒီကောင်က ကြိုးတွေအမျိုးမျိုး အာရုံနောက်တတ်တဲ့သူတွေအတွက် ပြသနာရှိနိုင်ပါတယ်။ Type C ထည့်ဖို့ တကယ်ပဲ ဈေးကြီးနေတာလားတောင် ထင်မိ…

အော်… နောက်တစ်ခုက Neo ရဲ့ Drivers တွေက 13mm, Buds Air က 12mm ဖြစ်ပါတယ်။ သိသာတဲ့ အသံကွာခြားမှူတော့ မတွေ့ရပါ။ ကျန်တဲ့ Double Touch, Triple Touch, Long Press စတဲ့ Geatures တွေနဲ့ Game ဆော့ရင် အသံနောက်မကျတဲ့ Gaming Mode, Battery Life စတာတွေက Buds Air နဲ့ အကုန်တူတူပါပဲ။

ဆိုတော့ကာ… TWS Earbuds တစ်ခုကို ဈေးသက်သာတာလိုချင်တယ်။ Micro USB, No wireless Charging, no ENC, no wear Detection တွေ ကို ဂရုမစိုက်ရင်၊ မလိုအပ်ဘူးလို့ဆိုရင် realme Buds Air Neo ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်လို့ ပြောရင်း…

အဆုံးထိဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်။

realme watch and realme Buds Air Neo 1 week user experience review
Written By Shine Htet Aung

0 Shares

ShineHtetAung

I'm just a mariner and a nerdy tech guy who has a deep passion of tech. I've been a tech writer for almost five years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

Leave a Reply

Your email address will not be published. Required fields are marked *

Copy link
Powered by Social Snap