PC Knowledge Episode 6: Graphic Card များအကြောင်း (Part 2)

Mobile Nvidia Graphic Chips

ကျွန်တော်တို့ Episode 6: Part 1 မှာတုန်းက Graphic Cards တွေအကြောင်းနဲ့ Nvidia Desktop GPUs တွေအကြောင်းဖော်ပြခဲ့ပြီးနောက် ဒီနေ့ Part 2 မှာတော့ ကျန်ရှိနေသေးတဲ့ Nvidia Mobile (Laptop) GPUs တွေနဲ့ AMD GPUs တွေအကြောင်းကို ဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။       

Nvidia ဟာ Desktop GPU တွေသာမက Laptop တွေမှာအသုံးပြုဖို့ Power စားပိုမိုသက်သာတဲ့ Mobile GPU တွေကိုလဲ ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ Mobile GPU တွေက Desktop GPU တွေလောက် Powerful မဖြစ်တာကိုတော့ သတိပြုရမှာပါ။ ဆိုလိုတာက Model တူ Mobile Version GPU တစ်လုံးဟာ Model တူ Desktop Version GPU ရဲ့ Performance တော့ ထပ်တူအပြည့်အဝရရှိမှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် GTX 1660Ti ရဲ့ Mobile Version GPU ဟာ Desktop Version GPU ထက်အနည်းဆုံး 4% ကနေအများဆုံး 24% လောက်ထိ ပိုနှေးပါတယ်။ ဒါဟာ Mobile Version သာဖြစ်ပြီးတော့ ပါဝါစားပိုသက်သာတဲ့ Max-Q Version မှာဆိုရင် ကွာခြားချက်က ပိုမိုကြီးမားနိုင်ပါသေးတယ်။

ဒီနေရာမှာ ကြုံတုန်းပြောရရင် Nvidia ဟာ Graphic Card တွေကို Version သုံးမျိုးနဲ့ထုတ်ပါတယ်။ Desktop အတွက်တစ်မျိုးနဲ့ Mobile ဘက်မှာဆိုရင် Max-Q နဲ့ Standard ဆိုပြီးနှစ်ခုပေါင်း သုံးမျိုးပါ။ Mobile ဘက်က Standard နဲ့ Max-Q တို့ရဲ့ကြားအဓိကကွာခြားတာကတော့ Power Limit ပဲဖြစ်ပြီးတော့ Power Limit ပိုနိမ့်တဲ့ Max-Q Version တွေက Performance လဲပိုနိမ့်ပါတယ်။ Gaming Laptop တွေဝယ်ရင် ဒီအချက်ကို သတိထားသင့်ပါတယ်။ 1660Ti နဲ့ဝယ်လာပြီးမှ Max-Q Version ဖြစ်နေလို့ Performance က Desktop Version ရဲ့တစ်ဝက်လောက်ပဲရတယ်ဆိုရင် နှမြောစရာပါ။

Nvidia Mobile GPU Series

Nvidia အနေနဲ့ Mobile GPU series ပေါင်းများစွာထုတ်လုပ်ခဲ့ပြီးတော့ လက်ရှိအသုံးပြုနေဆဲဖြစ်တဲ့ Series တွေကတော့

  • GeForce GTX 900M (9xxM) Series (GeForce 940MX)
  • GeForce GTX 10 Series (GTX 1050)
  • GeForce GTX 16 Series (GTX 1660 Ti)
  • GeForce RTX 20 Series (RTX 2060 Super)
  • GeForce RTX 30 Series (RTX 3050 Ti) တွေပဲဖြစ်ပါတယ်။

Model နံပါတ်ဖတ်နည်းကတော့ Desktop GPU တွေအတိုင်းပဲဖြစ်ပေမဲ့ ထူးခြားတဲ့ကဒ်တချို့တော့ ရှိပါတယ်။ အဲ့ဒါတွေကတော့ MX Series ကဒ်တချို့ပဲဖြစ်ပါတယ်။ MX ကဒ်တွေအနေနဲ့ GTX 10 Series မှာဆိုရင်

  • MX 110
  • MX 130 နဲ့
  • MX 150 ဆိုပြီးသုံးကဒ်ရှိပါတယ်။

GTX 20 Series မှာဆိုရင်

  • MX 230
  • MX 250
  • MX 330
  • MX 350 နဲ့
  • MX 450 ဆိုပြီးငါးကဒ်ရှိပါတယ်။

ဒီ MX ကဒ်တွေရဲ့ထူးခြားချက်ကတော့ Gaming Graphic Card တွေလိုမျိုး Software Support တချို့မပါပါဘူး။ ဥပမာအနေနဲ့ပြောရရင် NVENC (Nvidia Encoder) မပါတာမျိုးပါ။ NVENC ဆိုတာကတော့ Nvidia ရဲ့ Video Encoding လုပ်တဲ့နည်းပညာဖြစ်ပြီးတော့ ဒီနည်းပညာပါတဲ့ကဒ်တွေဟာ Video Encoding လုပ်ရာမှာ အချိန်အများကြီး သက်သာစေပါတယ်။

AMD Graphic Cards

Nvidia နဲ့ယှဉ်ရင်တော့ AMD GPU တွေကမှတ်မိပိုလွယ်ပါတယ်။ AMD အနေနဲ့ Graphic Card Model ပေါင်းစုံထုတ်လုပ်ဖူးခဲ့ပေမဲ့လဲ ဈေးကွက်ထဲမှာရှိနေတဲ့ Generation တွေဖြစ်တဲ့ RX 400, RX 500, RX 5000 နဲ့ RX 6000 Series တွေကိုပဲရှင်းပြပါမယ်။

RX 400 and RX 500 Series

            တော်တော်များများရဲ့ လက်ထဲမှာရှိနေတဲ့ AMD ကဒ်တွေကတော့ RX 400 နဲ့ 500 Series ကဒ်တွေဖြစ်ဖို့များပါတယ်။ April 2017 မှာထွက်ခဲ့တဲ့ RX 580 လိုကဒ်က ခုချိန်ထိ တော်တော်ကောင်းတဲ့ကဒ်တစ်ခုအနေနဲ့ အသုံးတော်ခံနေဆဲပါပဲ။

AMD ဟာ RX 400series အနေနဲ့

  • RX 460
  • RX 470
  • RX 480 ဆိုပြီးသုံးမျိုးထွက်ထားပါတယ်။

ဒါပေမဲ့ ဒီကဒ်တွေဟာ ပါဝါစားသလို လူကြိုက်လဲမများခဲ့ပါဘူး။ တကယ်တမ်း လူသုံးများခဲ့တာကတော့ RX 500 Series ဖြစ်ပြီးတော့

  • RX 550
  • RX 560
  • RX 570
  • RX 580 နဲ့
  • RX 590 ဆိုပြီးထုတ်လုပ်ခဲ့ပါတယ်။

လူသုံးအများဆုံးကတော့ RX 570 နဲ့ RX 580 ကဒ်တွေပဲဖြစ်ခဲ့ပြီးတော့ အဲ့ဒီအချိန်က Nvidia ဘက်က GTX 1050Ti တွေ GTX 1060 တွေနဲ့ယှဉ်ပြီးဖိုက်ခဲ့တဲ့ကဒ်တွေဆိုရင်လဲ မမှားပါဘူး။

RX 5000 Series

RX 5000 Series ကို July 7 2019 မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ RX 5000 Series မှာတော့

  • RX 5500XT
  • RX 5600XT
  • RX5700 နဲ့
  • RX 5700XT ဆိုပြီး (၄)မျိုးထုတ်လုပ်ခဲ့ပါတယ်။

 VRAM တွေအနေနဲ့ RX 5500XT မှာ 4GB နဲ့ 8GB ဆိုပြီး Version နှစ်မျိုး၊ RX 5600XT မှာ 6GB၊ RX 5700 နဲ့ RX 5700XT တို့မှာ 8GB ဆိုပြီးအသီးသီး ထုတ်လုပ်ခဲ့ပါတယ်။

RX 6000 Series

            AMD ရဲ့နောက်ဆုံးထုတ် Graphic Card Series ဖြစ်တဲ့ RX 6000 Series ကိုတော့ November 2020 မှာစတင်ကြေငြာခဲ့ပါတယ်။ လက်ရှိအနေနဲ့ RX 6000 Series မှာ

  • RX 6900XT
  • RX 6800XT
  • RX 6800
  • RX 6700XT နဲ့
  • RX 6600XT ဆိုပြီးထွက်ရှိထားပြီးတော့ RX 5000 Series ထဲက RX 5500XT လို Entry GPU တွေအနေနဲ့ကတော့ မရှိသေးဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ လုံးဝမရှိဘူးလို့တော့ပြောဖို့ကတော့ စောနေသေးပြီး ထွက်လာနိုင်တယ်ဆိုတဲ့ Rumor တချို့လဲ ကြားထားရပါတယ်။ တကယ်ပဲ ထပ်မံထွက်လာခဲ့ရင်တော့ အခု Post ကိုပဲ Edit ပြီး Update လုပ်ပေးပါမယ်။

Ref: Nvidia, AMD, PC Mag,

All photos are sincerely credited to original source.

Thein Htike Oo

I’m Just an under graduated mechanical engineering student from Technology University (Hpa-An). One of my hobby is writing and I got some knowledge in Computer Hardware and Tech. So I'm starting to write some tech article here.

One thought on “PC Knowledge Episode 6: Graphic Card များအကြောင်း (Part 2)

Leave a Reply

Your email address will not be published. Required fields are marked *