PC Knowledge Episode 5: Computer Motherboard တွေ အကြောင်း Part 1

အားလုံးပဲ မင်္ဂလာပါ

Episode 1 ကနေ 4 အထိ Computer CPU တွေ အကြောင်းကို ၄ ပိုင်းဖော်ပြခဲ့ပြီးနောက် CPU တွေ အကြောင်းကို ဒီလောက်နဲ့ပဲရပ်ပြီး Motherboard တွေအကြောင်းကို Episode 5 အဖြစ်နဲ့ ဆက်လက်ဖော်ပြလိုက်ပါတယ်။

Motherboard components တွေက များပြားလွန်းတဲ့အတွက် Episode 5 Part (1) နဲ့ Episode 5 Part (2) ဆိုပြီး နှစ်ခါ ခွဲပြီး ရေးသားလိုက်ပါတယ်။

What does Motherboard look like?

Motherboard တစ်ခုရဲ့ ပုံစံဟာ Printed Circuit Board (PCB) တစ်ခုပါပဲ။ သူ့ဆီကနေမှ CPU, RAM, Storage Devices (HDD, SSD) နဲ့ အခြား peripherals တွေ၊ Output Devices တွေ ဖြစ်တဲ့ Keyboard, Mouse, Monitor တွေဆီ ထုတ်ပေးမဲ့ Physical Interfaces တွေ စတဲ့အရာတွေကို ဆက်သွယ်ပေးတဲ့ အဓိက နေရာတစ်ခု ဖြစ်ပါတယ်။

ဟိုးအရင် ဒီနေ့ခေတ်လို Micro Processors (သေးငယ်တဲ့ CPU အရွယ်အစား) တွေ မပေါ်ခင်တုန်းက PCB တွေ အများကြီးကို backplane လို့ခေါ်တဲ့ အရာတစ်ခုနဲ့ ချိတ်ဆက်ပြီး အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ခေတ်လို CPU Die အရွယ်အစားတွေ သေးလာတဲ့နောက်မှာတော့ Motherboard တစ်နည်း PCB တစ်ခုထဲပေါ်မှာပဲ Computer တစ်ခုလုံးရဲ့ လိုအပ်တဲ့ အစိတ်အပိုင်း အားလုံးကို လာရောက်ချိတ်ဆက်လို့ ရသွားပါတယ်။

Motherboard တွေရဲ့ အရွယ်အစား

Image credit: Tech Guided

ဒီနေ့ခေတ်မှာ ယေဘုယျအားဖြင့် Motherboard အရွယ်အစား ၃ မျိုးကို အသုံးပြုနေကြပါတယ်။ အပေါ်က ပုံထဲမှာ ကြည့်ပါ။

1. ATX

2. Micro-ATX

3. Mini-ITX

Sizes တွေ ကွာခြားပေမဲ့ Same Generation CPU, GPU တွေကို ကြိုက်ရာ Board မှာ တပ်ဆင်နိုင်ပါတယ်။ တပ်ဆင်နိုင်တဲ့ RAM Slots, Storage Devices, PCIe Lanes တွေ နဲ့ Overclock လုပ်နိုင်တာ၊ Features အနည်းအများ ကွာခြားတာ မျိုးတွေတော့ ရှိပါတယ်။

အဓိက PC Builders တွေ အနေနဲ့ Casing အရွယ်အစား ကို လိုက်ပြီး Board ရွေးချယ်ကြတာများပါတယ်။ Mini PC ဆင်ချင်တဲ့သူမျိုးအတွက် Micro-ATX or Mini-ITX Board မျိုးမှ အဆင်ပြေတာကြောင့်ပါ။

PC တစ်ခုဆင်ဖို့ MotherBoard နဲ့ Casing ရွေးတော့မယ်ဆိုရင် ကိုယ်ရွေးမဲ့ Board ရဲ့ Form Factor ကို ကိုယ်ကြိုက်တဲ့ Casing ထဲ ထည့်ရ၊ မရ ပြီးတော့ အပြန်အလှန်အနေနဲ့ ကိုယ်ကြိုက်တဲ့ Casing က သေးတဲ့ Case ဆိုရင် Micro-ATX or Mini ITX Boards တွေကို စဉ်းစားရမှာမျိုး ဖြစ်ပါတယ်။

Motherboard မှာ အဓိက ပါဝင်တဲ့ Components များ

Components တွေကို ရှင်းပြတဲ့နေရာမှာ အရမ်းရှည်မှာစိုးတာကြောင့် တိုတိုနဲ့ လိုရင်းကိုပဲ ဖော်ပြပါမယ်။

image via Quora

Part 1 မှာ ဖော်ပြထားတဲ့ Components 3 ခုကို အပေါ်ပုံမှာ အနီရောင် လေးထောင့်လေး ပြထားပါတယ်။

1. CPU Socket (CPU install လုပ်မည့်နေရာ)

နာမည်ကြီး Intel နဲ့ AMD CPU တွေဟာ CPU ထည့်ရမဲ့နေရာ Socket ပုံစံမတူကြပါဘူး။ Brand တူတဲ့ CPU တွေတောင် Generations ကွာရင် Socket Type ကွာပါသေးတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ Socket Types 3 မျိုး ရှိပါတယ်။

Image credit: makeuseof

(1) LGA (Land Grid Array)

CPU Install လုပ်မဲ့ အထိုင် Socket နေရာမှာ Pins တွေပါတဲ့ အမျိုးအစား ဖြစ်ပြီး လက်ရှိ Intel CPU တွေက LGA Sockets တွေမှာ တပ်ဆင်ပါတယ်။ (အရင်တုန်းက Intel Pentium, Pentium 2 နဲ့ Pentium 3 တွေမှာတော့ PGA Types တွေ သုံးခဲ့ဖူးပါတယ်။)

(2) PGA (Pin Grid Array)

ဒီကောင်ကတော့ LGA နဲ့ ပြောင်းပြန်ဖြစ်ပြီး Pins တွေက CPU မှာ ပါဝင်ပြီး Socket မှာ Holes လေးတွေပါဝင်ပါတယ်။ လက်ရှိ AMD CPU တွေဟာ PGA Socket Types တွေ ဖြစ်ပါတယ်။ (အပေါ်က ပုံလေးတွေနဲ့ ယှဉ်ကြည့်ရင် နားလည်သွားမယ် ထင်ပါတယ်။)

AMD ရဲ့ Threadripper လို CPU တပ်ဆင်ရမဲ့ Socket ကိုတော့ TR4 (short for Threadripper 4) လို့ ခေါ်ပြီး သူကတော့ LGA အမျိုးအစားဖြစ်ပါတယ်။

(3) BGA (Ball Grid Array)

BGA ဆိုတာ Motherboard မှာ CPU ကို တစ်ခါတည်း အသေတပ်ဆင်ပေးလိုက်ပြီး ကိုယ်တိုင် ဖြုတ်၊ တပ် Upgrade လုပ်မရတဲ့ အမျိုးအစား ဖြစ်ပါတယ်။

ဒီနေ့ခေတ် Consumer တွေ PC ဆင်နေကြတဲ့ Socket Types ၂ ခု ကတော့ အပေါ်က LGA နဲ့ PGA ပဲ ဖြစ်ပါတယ်။

Types of LGA Sockets (Intel)

LGA 1200 – Intel 10th Gen နဲ့ 11th Gen CPU တွေအတွက် အသုံးပြုတဲ့ Socket Type ဖြစ်ပါတယ်။

LGA 1151 – Intel 6th Gen to 9th Gen

LGA 1150 – Intel 4th Gen

LGA 2066 – Intel Skylake-X and Kaby Lake-X CPU

LGA 3647 – Intel Xeon and Skylake-SP CPU

စသည်ဖြင့် LGA Types တွေမှာ CPU Generations တွေ အလိုက် ကွဲပြားကြပါတယ်။

Intel CPU Generations အလိုက် ကိုက်ညီတဲ့ Socket Types တွေနဲ့ Motherboards တွေကို ပိုပြီး အသေးစိတ်သိချင်ရင် ဒီ Link မှာ သွားကြည့်နိုင်ပါတယ်။

AMD Socket Types (PGA)

AMD ဘက်မှာတော့ Zen Architecture သုံး Ryzen 1st Gen ကနေ အခု Zen 3 4th Gen Ryzen တွေ အထိ AM4 Socket Type တစ်ခုတည်းကို ပဲ အသုံးပြုပါတယ်။

အရင်က AMD Socket Types တွေကတော့ 2014 (FM2+), 2014 (AM1), 2012 (FM2), 2011 (AM3+) စတဲ့ Socket Types တွေဖြစ်ပါတယ်။ PGA Socket လို့ ပြောပြီး AM4 တွေ၊ AM1 တွေ ကဘာတွေလဲ လို့ မေးရင် PGA Socket Types တွေကိုပဲ AMD က နာမည်တွေ ခုနှစ်အလိုက်ပေးထားတာဖြစ်ပါတယ်။

AMD CPU Generations အလိုက် ကိုက်ညီတဲ့ Socket Types တွေနဲ့ Motherboards တွေကို ပိုပြီး အသေးစိတ်သိချင်ရင် ဒီ Link မှာ သွားကြည့်နိုင်ပါတယ်။

2. Chipset

Motherboard ပေါ်မှာပါတဲ့ Integrated Circuit တစ်ခုဖြစ်ပြီး CPU နဲ့ အခြား RAM, Memory, GPU, Peripherals တွေကို ဆက်သွယ်ပေးတဲ့ အရာဖြစ်ပါတယ်။ ဒီကောင်မရှိရင် CPU နဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ဆက်သွယ်လို့မရနိုင်ပါဘူး။

Chipset မှာ NorthBridge နဲ့ SouthBridge ဆိုတဲ့ အရာ ၂ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ NorthBridge က အဓိကကျတဲ့ RAM, PCIe စတာတွေကို CPU နဲ့ ဆက်သွယ်ပေးပြီး SouthBridge က အခြား USB Ports တွေ၊ SATA Ports တွေက Data တွေကို NorthBridge ကနေမှ တဆင့် CPU ဆီကို ပို့တဲ့ အလုပ်လုပ်ပါတယ်။ ဟိုးအရင်တုန်းက NB နဲ့ SB ဟာ သီးသန့်မြင်ရတဲ့ အရာတစ်ခုအနေနဲ့ Motherboard ပေါ်မှာ ရှိနေခဲ့ပေမဲ့ ဒီနေ့ခေတ်မှာတော့ NorthBridge ရဲ့ အလုပ်တွေကို Modern CPU တွေက ကိုင်တွယ်လာနိုင်ပြီး (Motherboard ပေါ်မှာ မရှိတော့)၊ SouthBridge ကိုတော့ Chipset ထဲမှာပဲ Intel က Platform Controller Hub (PCH) လို့ နာမည်ပေးပြီး AMD က Fushion Controller Hub (FCH) လို့ အသီးသီး နာမည်ပေးကြပါတယ်။

Chipset တွေကလဲ CPU socket တွေလိုပဲ CPU Generations အလိုက် ကွဲပြားကြပါတယ်။ PC တစ်ခုဆင်တဲ့အခါ ကိုယ်သုံးမဲ့၊ သုံးချင်တဲ့ CPU နဲ့ ကိုက်ညီမဲ့ Chispet Model တွေကိုလဲ သေချာရွေးချယ်ရပါတယ်။

Intel 8th, 9th Gen CPU Chipsets – H310, B360, B365, H370, Q370, Z370, Z 390 (300 series)

ဒီ Chipset တွေနဲ့ ကိုက်ညီတဲ့ Socket Types ကတော့ LGA 1151 ဖြစ်ပါတယ်။ ဆိုလိုတာ ကိုယ်က Intel 8th, 9th Gen series CPU (LGA 1151 Socket) တွေကို သုံးမယ်ဆိုရင် 300 series Chipset သုံးရပါမယ်။

Intel 7th Gen (LGA 1151) – B250, Q250, H270, Q270, Z270 Chipsets (200 series)

Intel 6th Gen (LGA 1151) – H110, B150, Q150, H170, Q170, Z170 Chipsets (100series)

Intel 10th, 11th Gen (LGA 1200) – H410, B460, H470, Q470, W480, Z490 (400 series)

ASUS Z490-E (Image credit: Hardware Cooking)

နောက်ဆုံးထွက် 11th Gen အတွက် Chipset တွေကတော့ 500 series ဖြစ်ပြီး H510, B560, H570, Z590, Q570, W580 စတာတွေ ဖြစ်ပါတယ်။

***Chipset number တစ်ခုချင်းစီအလိုက် Number အနိမ့်ကနေ အမြင့်အထိ Features တွေ ပိုပိုကောင်းသွားပါတယ်။***

ကိုယ်တွေ့ဖူးနေကျ Motherboard နာမည်တွေနဲ့ တွဲကြည့်ပါ။

ဥပမာ – MSI Z490-APro, ASUS Z590-A etc

ဒီ Motherboard နာမည်တွေက Z490, Z590 ဆိုတာ Chipset နာမည်တွေကို ပြောတာဖြစ်ပါတယ်။

AMD အတွက်ကတော့ Zen, Zen+, Zen 2, Zen 3 မျိုးဆက် ၄ ခု အထိ AM4 Socket ကို အသုံးပြုထားပြီး Chipset တွေက

Ryzen Zen Processors (1st Gen) – A320, B350, X370 Chipsets (300 series)

Eg. Ryzen 7 1700x အတွက်

Zen+ (2nd Gen) – B450, X470 (400series)

Eg. Ryzen 5 2600 အတွက်

ဒီ 400 series Chipset တွေမှာ 3rd Gen Ryzen CPU တွေကို BIOS Update လုပ်ပြီးတော့လဲ တပ်ဆင်နိုင်ပါတယ်။

Zen 2 and Zen 3 (3rd and 4th Gen) – A520, B550, X570 (500 series)

Eg. Ryzen 5 5600 အတွက်

AMD Motherboard Examples: B450 Aorus Pro Wifi, MSI X470 Gaming Plus စတဲ့ နာမည်တွေဖြစ်ပါတယ်။

***ဆိုတော့ အပေါ်က Chipset Numbers တွေကို ကြည့်ရင် Motherboard နာမည်တွေကိုလဲ Chipset နာမည်တွေအတိုင်း B450, X470(AMD), Z490, Z590 (intel) စသည်ဖြင့် ပေးတာကို တွေ့ရမှာပါ။***

3. DIMM Slots (Dual Inline Memory Module)

Image credit: Fossbytes

တကယ်တော့ DIMM Slots ဆိုတာ အလွယ်ပြောရရင် RAM စိုက်တဲ့ အပေါက်တွေပဲ ဖြစ်ပါတယ်။ Motherboard အရွယ်အစားအလိုက် (ATX, Micro-ATX, Mini-ITX) Slot ၂ ခု၊ ၄ ခု၊ ၈ ခု စသည်ဖြင့် ပါဝင်ပါတယ်။

Episode 5 Part (1) ကို ဒီနေရာမှာပဲ ရပ်ပါမယ်။ ကျန်ရှိနေသေးတဲ့ Components တွေ အကြောင်းကို Part (2) ကျမှ ဆက်လက်ဖော်ပြပါမယ်။

ကျွန်တော်ရှင်းပြတာ ညံ့ကောင်းညံ့နေနိုင်ပြီး နားမလည်တဲ့နေရာတွေရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်။

Ref: Tom’s Hardware, Fossbytes, makeuseof, BuildComputers.net

ShineHtetAung

I'm just a mariner and a nerdy tech guy who got a deep passion of tech. I've been a tech writer for almost six years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

One thought on “PC Knowledge Episode 5: Computer Motherboard တွေ အကြောင်း Part 1

Leave a Reply

Your email address will not be published. Required fields are marked *