2020 ခုနှစ်အတွက် OPPO ရဲ့ Flagship SmartPhone ဖြစ်လာမဲ့ Find X2 series ကို March 6 ရက်နေ့မှာ ကြေငြာသွားမယ်လို့ အတည်ပြုချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ဒီနေ့မှာတော့ Find X2 series နဲ့အတူ OPPO Smartwatch ကိုပါ ကြေငြာသွားမယ်လို့ OPPO က အတည်ပြုလိုက်ပါတယ်။

ဆိုတော့ OPPO ရဲ့ Smartwatch နဲ့ ပတ်သက်ပြီး ဘာတွေသိထားရပြီလဲ? OPPO က Smartwatch အသစ်နဲ့ပတ်သက်ပြီး Feb လအစတုန်းက OPPO ရဲ့ VP Brian Shen ကိုယ်တိုင် Twitter မှာ ဓာတ်ပုံတစ်ပုံနဲ့အတူ tease လုပ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဒီဇိုင်းပိုင်းမှာ Apple Watch နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ VP Brian Shen ကတော့ curved screen and 3D glass ကို “a game-changer.” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာဖြစ်ပါတယ်။
အခု တရားဝင်ကြေငြာတဲ့ poster ထဲမှာတော့ black and gold အရောင်နှစ်မျိုးကိုတွေ့ရပါတယ်။ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမဲ့ Apple Watch Series 5 လိုမျိုး ECG Feature ပါဝင်လာမယ်လို့ rumors တွေ ထွက်ပေါ်ထားပါတယ်။ ECG သာ ပါလာခဲ့ရင် တရုတ်ပြည်တွင်း ပြိုင်ဘက်ဖြစ်တဲ့ Xiaomi Mi Watch (ECG Feature မပါ) ထက် feature အသစ်တစ်ခု ပိုတိုးလာမှာပါ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလဲ Tipster တစ်ယောက်ဟာ OPPO Smartwatch ရဲ့ leaked ပုံတစ်ပုံကို online ပေါ်မှာ ဖောက်သည်ချခဲ့ပါသေးတယ်။ ဒီဇိုင်းပိုင်းအရ Apple Watch နဲ့ ဆင်တူသလိုထင်ရပေမဲ့ တကယ်တမ်းတော့ မတူဘူးလို့ ဆိုရမှာပါ။ Display ဟာ Apple Watch ထက် ပိုပြီး Curved ဖြစ်နေတာမျိုးတွေ၊ ပြီးတော့ Apple Watch မှာလို Digital Crown ကို မသုံးပဲ သာမန် Android Wear OS သုံး စမတ်နာရီတွေမှာ မြင်တွေ့နေကျ Button ခပ်ကြီးကြီး တစ်ခုသုံးထားတာတွေ စတဲ့ ကွဲပြားမှူတွေကို တွေ့မြင်ရပါတယ်။

ဆိုတော့ ဈေးနှူန်းဘာညာ ကျန်တဲ့အချက်တွေကိုမသိရသေးပဲ March လ ၆ ရက်နေ့မှာတော့ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ သင်ရော OPPO ရဲ့ Smartwatch အသစ်က ဘယ်ဈေးလောက်ဖြစ်လာနိုင်မယ်ထင်လဲ၊ စိတ်ဝင်စားလား စတာတွေကို comment မှာ ဖော်ပြခဲ့နိုင်ပါတယ်။
Source: NDTV Gadgets, The Verge | Featured Image credit to Brian Shen Twitter