ဈေးအသက်သာဆုံး RTX 3000 series Desktop GPU ဖြစ်လာမဲ့ RTX 3050 အကြောင်း

RTX 3050/3050Ti ဆိုတဲ့ Graphic Card ကို Gaming Laptop တွေမှာ တွေ့မြင်နေရတာ အချိန်ကာလတစ်ခုရှိခဲ့ပြီးနောက်မှာတော့ Nvidia ဟာ သူ့ရဲ့နောက်ဆုံးထွက် Desktop RTX Series အတွက်ဈေးအသက်သာဆုံးဖြစ်တဲ့ RTX 3050 ကိုထပ်မံမိတ်ဆက်လိုက်ပါတယ်။

image credit to Nvidia

RTX 3050 ဟာ MSRP $249 သာရှိပြီးတော့ သူ့ရဲ့အပေါ်ကမော်ဒယ်ဖြစ်တဲ့ RTX 3060 ရဲ့ MSRP $329 ထက် $80 ပိုမိုသက်သာပါတယ်။ တခြားသော RTX Card တွေလိုပဲ Ampere architecture ပေါ်မှာပဲတည်ဆောက်ထားပြီးတော့ 1080P Ray-Traced Gaming မှာ 60FPS နဲ့ကစားနိုင်အောင်လို့ ဦးတည်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

အဓိကအားဖြင့် E-Sport Gaming တွေအတွက် အတော်ကိုကောင်းမွန်တဲ့ Budget Graphic Card တစ်ကဒ်ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။ RTX 3050 ဟာ RT Core တွေပါဝင်ပေမဲ့လဲ RTX Series ရဲ့အနိမ့်ဆုံး budget card ဖြစ်နေတဲ့အတွက် Ray-Tracing Performance ကိုအများကြီးမျှော်လင့်လို့မရပေမဲ့ Tensor Core တွေပါဝင်တဲ့အတွက် AI ပိုင်းမှာတော့ အများကြီးကောင်းပါလိမ့်ဦးမယ်။

ဒါကြောင့် Nvidia ရဲ့ DLSS နည်းပညာအထောက်အပံ့ပေးတဲ့ ဂိမ်းတွေမှာ GTX ကဒ်တွေထက် အများကြီးကောင်းမွန်တဲ့ Performance ကိုမြင်တွေ့ရနိုင်ပါတယ်။ အောက်ကပုံကိုကြည့်မယ်ဆိုရင်လဲ RTX 3050 ဟာ GTX 1650 ထက် DLSS အထောက်အပံ့ပေးတဲ့ဂိမ်းတွေမှာ Performance ၂ဆလောက်ပိုမိုကောင်းမွန်တာကို မြင်တွေ့နိုင်ပါတယ်။

image credit to Nvidia

RTX 3050 Specification and Release date
မနေ့က ကြေငြာသွားခဲ့တဲ့ RTX 3050 ရဲ့ specs တွေကတော့
Cuda Core : 2560
Base Clock : 1.55 GHz
Boost Clock : 1.78 GHz
VRAM : 8GB GDDR6
Memory Bandwidth : 128-bit
TDP : 130 W လို့သာဖော်ပြထားပြီးတော့ Jan 27 မှာစတင်ပြီး ရောင်းချမယ်လို့ သိရပါတယ်။ MSRP ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ထားပေမဲ့လဲ လက်ရှိဖြစ်ပေါ်နေတဲ့ Silicon Shortage တွေနဲ့ Graphic Card ဝယ်လိုအားများလွန်းနေတာကြောင့် အရမ်းတော့ဈေးသက်သာဖို့မရှိပါဘူး။

Ref: Nvidia
images are credited to Nvidia

Thein Htike Oo

I’m Just an under graduated mechanical engineering student from Technology University (Hpa-An). One of my hobby is writing and I got some knowledge in Computer Hardware and Tech. So I'm starting to write some tech article here.

Leave a Reply

Your email address will not be published. Required fields are marked *