Marvel ရဲ့ Comics တွေဟာ ကျွန်တော်တို့ SuperHeroes ချစ်သူတွေရဲ့ စိတ်နှလုံးကို ဖမ်းစားလာတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဒီနေ့မှာတော့ ဆယ်စုနှစ်အတွင်း Marvel Comics သမိုင်းတစ်လျှောက် အကြမ်းဆုံးဆိုတဲ့ Brutal Fight ၁၀ ခုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ။ အမှတ်စဉ်တွေကို ဖော်ပြရာမှာ နောက်ဆုံး ၁၀ ကနေ ၁ အထိ ရေးသားထားပါတယ်။
10.Immortal Hulk Vs Abomination
Hulk ဟာ ဆိုရင် Marvel fans တွေရဲ့ အသည်းစွဲတွေထဲက တစ်ယောက်၊ သူ့ရဲ့ incredible strength နဲ့ rage တွေကြောင့် one of the most intimidating superhero လို့ ဆိုရမှာ ဖြစ်ပါတယ်။ Marvel Comics ရဲ့ Hulk နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ Villians တွေထဲမှာ အကြမ်းဆုံးလို့ ဆိုရမှာကတော့ Al Ewing ရေးသားခဲ့တဲ့ The Immortal Hulk series ထဲက Abomination ပဲဖြစ်ပါတယ်။ ဒါကြောင့် Immortal Hulk Vs Abomination ရဲ့ Fight ကတော့ Brutal Fight list မှာ နံပါတ် ၁၀ နေရာကို ရရှိထားပါတယ်။

9.Daredevil Vs Lady BullsEye
Superhuman strength တွေ မရှိတဲ့ Matt Murdock aka DareDevil ကတော့ အကြောက်တရား မရှိတာတွေ၊ သူ့ရဲ့ ဆဋ္ဌမ အာရုံတွေပေါ့နော် xD ဒါတွေကြောင့် hand to hand combat တွေမှာတော့ Marvel ရဲ့ ဆရာကဝိ စာရင်းထဲမှာပါပါတယ်။ သူရင်ဆိုင်ခဲ့ဖူးတဲ့ Villains တွေထဲမှာ Original Bullseye ကို inspired ယူပြီး ဖန်တီးထားတဲ့ Elite Assassin ‘Lady Bullseye’ နဲ့ Hand to hand combat တွေကတော့ အကြမ်းဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ Rainy alleys နဲ့ rooftops တွေ ပေါ်က သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲတွေကတော့ Brutal Fight List မှာ နံပါတ် ၉ နေရာကို ရရှိထားပါတယ်။

8.Deadpool Kills the Marvel Universe
နံပါတ် ၈ က ဘယ်သူလို့ ထင်ပါသလဲ? ခင်ဗျားတို့ ကျုပ်တို့ရဲ့ အချစ်တော် ပူးပူး ရဲ့ ‘Deadpool kills the Marvel Universe’ ဖြစ်ပါတယ်။ ပူးပူးကတော့ ဒီ comics ထဲမှာ Marvel Heroes အကုန်နီးပါးကို အကြောင်းအမျိုးမျိုးနဲ့ အကုန်လိုက်သတ်တာ ဖြစ်ပါတယ်။ သူ့ရဲ့ Healing Power နဲ့ ညဏ်နီညဏ်နက် မျိုးစုံသုံးပြီး Captain America, Spiderman, Iron Man စတဲ့ Marvel Characters တော်တော်များများကို လက်စတုံးပစ်တဲ့ ကိစ္စန ကတော့ Marvel ရဲ့ Brutal Fight List မှာ နံပါတ် ၈ အနေနဲ့ ရပ်တည်နေပါတယ်။

7.The Punisher Vs The Mob
The Punisher aka Frank Castle ကြီးကိုတော့ Marvel Fans တွေ သိကြမယ်ထင်ပါတယ်။ သူမှန်ရင် သူ့တရားသူစီရင်မယ်ဆိုတဲ့ ဘဲကြီး၊ Punisher ဟာ လက်နက်မျိုးစုံ ဆရာကျရုံတင်မဟုတ်ပဲ Hand to Hand Combat မှာလဲ ကဝိ တစ်ဆူ ဖြစ်ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ အကြမ်းဆုံး Villains တွေကတော့ Jason Aaron ရေးသားခဲ့တဲ့ Punisher Max Series ထဲက Bullseye, Kingpin နဲ့ the mob တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ Comics series ထဲက Punisher ရဲ့ bloody shootouts, knife fights တွေနဲ့ hand to hand combat တွေကတော့ Most Brutal Fight List မှာ နံပါတ် ၇ ကို ရရှိထားပါတယ်။

6.Hulk Vs Ultimate Wolverine
Hulk နဲ့ Wolverine ဟာ Marvel Comics မှာ ခဏခဏ တွေခဲ့ကြဖူးပါတယ်။ အားလုံးထဲကမှ Hulk Vs. Ultimate Wolverine mini-series လေးကတော့ Most Brutal Fight List မှာ နံပါတ် ၆ ကို ရရှိထားပါတယ်။ Opening issue မှာကတည်းက Wolverine ကြီး နှစ်ပိုင်း ဆွဲဖြဲ ခံလိုက်ရပြီး ကိုယ်တစ်ခြမ်းနဲ့ သူ့အောက်ပိုင်းကို တောင်ပေါ်တက်ရင်း လိုက်ရှာနေခဲ့တဲ့ အခန်းကို တချို့ Geeks တွေ သိပါလိမ့်မယ်။
Wolverine ဟာ Hulk ကို ခြေရာခံပြီး Hulk ရဲ့ Destruction တွေကို အဆုံးသတ်ပေးဖို့ တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ Wolverine ကြီးက လဲ အဆုံးသတ်လို့ ပြောလိုက်ရင် ဘယ်လို အဆုံးသတ်တတ်တဲ့ ဘဲကြီးလဲဆိုတာ အားလုံးလဲ သိကြတဲ့ အတိုင်း Hulk နဲ့ Wolverine ကတော့ အဆိုပါ Mini-series ထဲမှာ မပြီးဆုံးနိုင်တဲ့ Fight တွေ ဖြစ်ခဲ့ကြပါတယ်။

5.Savage Avengers
Savage Avengers comics ဆိုတာကတော့ Marvel Anti-Hero တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ Savage Avengers အဖွဲ့ဝင်တွေကတော့ Conan the Barbarian, Wolverine, Elektra, Venom, Punisher, နဲ့ Doctor Voodoo တို့ပဲ ဖြစ်ပါတယ်။ Marvel Anti-Hero, Savage Avengers တွေနဲ့ The Hand အဖွဲ့ရဲ့ Ninjas တွေကြားက တိုက်ပွဲတွေကတော့ Marvel Most Brutal Fight List မှာ နံပါတ် ၅ နေရာကို ရရှိထားပါတယ်။

4.Old Man Logan Vs Maestro
Maestro ဆိုတာ Hulk ရဲ့ supervillain version ဖြစ်ပြီးတော့ Bruce Banner ရဲ့ intelligence နဲ့ Hulk ရဲ့ strength နှစ်မျိုးလုံး ပိုင်ဆိုင်ထားတဲ့ Villian တစ်ကောင်ဖြစ်ပါတယ်။ Old Man Logan series ကတော့ Logan ရဲ့ နေဝင်ချိန်တွေအကြောင်းရေးသားထားတဲ့ series ဖြစ်ပါတယ်။ Wolverine ရဲ့ ဘဝဇတ်အိမ်မှာ Villain Hulk aka Maestro နဲ့ တိုက်ပွဲကို မပါမဖြစ် ထည့်မှ ပြည့်စုံမှာပါ။ ဒါကြောင့် Old Man Logan ကြီးနဲ့ Maestro ရဲ့ Brutal Fight ကတော့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။

3.Mangos Vs Thor and Odin
Mangos ဆိုတာ Pure Rage Beast ကြီးတစ်ကောင်ဖြစ်ပြီး Asgard ကို ဖျက်စီးဖို့ Malekith the Accursed က စေလွှတ်လိုက်တာ ဖြစ်ပါတယ်။ သူလာရာ လမ်းတစ်လျှောက် ဘယ်အရာကမှ တားဆီးနိုင်စွမ်းမရှိခဲ့တဲ့ Beast ကြီး Asgard ကို ရောက်လာတဲ့ အခါမှာတော့ Thor နဲ့ Odin ဟာ Last Breath အထိ Side by Side တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

2.Thanos Vs Silver Surfer
Thanos ရဲ့ နောက်ဆုံး series တွေထဲက တစ်ခုမှာ မောင်သာနိုးကြီးဟာ Universe တစ်ခုလုံးရဲ့ Living Things တွေကို အနိုင်ရပြီး Throne ပေါ်မှာ သူရဲ့ နောက်ဆုံး စိန်ခေါ်သူကို စောင့်ဆိုင်းနေတဲ့ အချိန်ဖြစ်ပါတယ်။ သူကတော့ အခြားသူမဟုတ် ကဝိကြီး Silver Surfer ပါ။ နောက်ဆုံးမှာတော့ Silver Surfer ဟာ worthy ဖြစ်တဲ့အတွက် Mjolnir ကို ကိုင်စွဲပြီး မောင်သာနိုးဆီ ချီတက်လာခဲ့ပါတယ်။
Battle မစခင် Thanos ဟာ Hulk ကို chains တွေ နဲ့ ချုပ်ပြီး သူ့ရဲ့ pet တစ်ကောင်လို မွေးထားတဲ့အကြောင်း မောင် Silver ကို ကလိလိုက်ပါသေးတယ်။ Silver Surfer အနေနဲ့ Bruce Banner ဆီအရင် ရောက်အောင်သွား ပြီးတော့မှ Mad Titan ကြီး Thanos နဲ့ ရင်ဆိုင်ခဲ့တဲ့ Battle ကတော့ Marvel Comics ရဲ့ Most Brutal Fight list မှာ နံပါတ် ၂ နေရာကို ရရှိထားပါတယ်။

1.Cyclops Vs Professor X
Cyclops နဲ့ Professor X တို့ရဲ့ တိုက်ပွဲကတော့ သူတို့ ဆရာတပည့် နှစ်ယောက်ကြားက အတိတ်ဇာတ်ကြောင်းတွေ၊ သံယောဇဉ်တွေ၊ emotion တွေ ကြောင့် Brutal Fight List ရဲ့ နံပါတ် ၁ နေရာကို ရရှိထားပါတယ်။ Pheonix Force ရဲ့ လွှမ်းမိုးမှူ အပြည့်အဝခံလိုက်ရတဲ့ Scott Summers aka cyclops ဟာ သူ့ရဲ့ အဖေလဲ ဖြစ်၊ ဆရာလဲ ဖြစ်တဲ့ Professor X ကို Pheonix Force ရဲ့ Full Power သုံးပြီး သတ်ခဲ့တာ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ Article လေး အပေါ်မှာ စာဖတ်သူ ဘော်ဒါတို့ရဲ့ အမြင်တွေကို သိချင်ပါတယ် ခင်ဗျာ။ Geek တစ်ယောက်မဟုတ်ပဲ superhero ချစ်သူတစ်ယောက်အနေနဲ့ စာတွေ စရေးတာ ဖြစ်တဲ့အတွက် အရေးအသားညံ့တာမျိုးတွေ၊ အမှားတွေ ပါခဲ့ပါရင်လဲ သည်းခံပေးပါရန်နဲ့ လွဲနေတာတွေ ရှိရင်လဲ ဝေဖန်ပေးကြပါဦးခင်ဗျ။ အခု Article လေး အပေါ်မှာ ဘော်ဒါတို့ရဲ့ comments တွေကို ကြည့်ပြီး ရှေ့ဆက် စာတွေ ရေးဖို့ အားယူရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ Page ‘Hero Corner‘ မှာ အမြင်လေးတွေ ကို comment ပေးခဲ့ပါဦးလို့ တောင်းဆိုချင်ပါတယ်။ အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Ref: CBR | Written By BlueScar @HeroCorner | Cover Photo from Hi-Def Ninja