League of Legends and Teamfight Tactics both coming to mobile next year
0 Shares
Mobile နဲ့ console တွေအတွက် ထွက်ရှိလာတော့မဲ့ League of legends
#Unicode
League of legends ရဲ့ ပိုင်ရှင် Riot ဟာ ကျွန်တော်တို့ စောင့်မျှော်နေခဲ့တဲ့ League of legends mobile version နဲ့ Teamfight tactics games တွေဟာ 2020 မှာ ထွက်ရှိလာတော့မှာဖြစ်ကြောင်း 10 နှစ်ပြည့် anniversary မှာ ပြုလုပ်ခဲ့တဲ့ livestream မှာ အတည်ပြုလိုက်ပါတယ်။
Mobile အတွက် ထွက်ရှိလာမဲ့ version တွေဟာ PC နဲ့ တူမှာမဟုတ်ပဲ သပ်သပ်စီ ဖြစ်ပါတယ်။ Mobile နဲ့ console တွေအတွက် ထွက်ရှိလာမဲ့ version ဟာ League of legends နာမည်နဲ့မဟုတ်ပဲ Wild Rift ဆိုတဲ့ အမည်နဲ့ ဖြစ်ပါတယ်။ Game ရဲ့ ကြာချိန်ကို 15-18 မိနစ်ဝန်းကျင်ပဲ ရရှိအောင် LOL ရဲ့ core ကို တစ်ဖန်ပြန်လည်ဖန်တီးထားတယ်လို့ သိရပါတယ်။ ပြီးတော့ Mobile LOL players တွေနဲ့ PC players တွေနဲ့ cross-platform လဲ ဆော့လို့မရပဲ သပ်သပ်စီ ကစားရမယ်လို့ သိရပါတယ်။ ဒါကြောင့် PC LOL players တွေအနေနဲ့ game progress တွေကို mobile ကို ယူဆောင်လာလို့မရပဲ champions (heroes and skins) တွေကအစ အကုန် ပြန်ဝယ်ယူရမှာ ဖြစ်ပါတယ်။
Teamfight tactics mobile version ကတော့ PC players တွေနဲ့ အချို့ region တွေမှာ အတူတူကစားနိုင်မယ်သိရပါတယ်။
Leagued of legends mobile version (Wild Rift) နဲ့ Teamfight tactics mobile version တွေဟာ 2020 မှာ တရားဝင်ထွက်ရှိလာမှာဖြစ်ပြီး Google play မှာ ဒီနေ့ပဲ Pre register ( ကြိုတင်စာရင်းပေး) နိုင်ပါပြီ။
Google play မှာ ကြိုတင်စာရင်းပေးရန် link
iOS အတွက် Pre-register ကတော့ မနက်ဖြန်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
League of legends Mobile version ရဲ့ Gameplay ကို အောက်မှာကြည့်နိုင်ပါတယ်။
Riot အနေနဲ့ Mobile version တွေအပြင် အခြား game games တွေကိုလဲ ကြေငြာလိုက်ပါသေးတယ်။ အဲ့ဒါတွေကတော့ …
1.League of legends champions တွေနဲ့ ဆော့ကစားရမဲ့ Fighting game
(LOL ကတော့ ဒီ fighting game ကို project L ဆိုတဲ့ အမည်နဲ့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။)
2.Project A ဆိုတဲ့ နာမည်နဲ့ tactical multiplayer FPS game လဲ ထွက်ရှိလာမယ် သိရပါတယ်။ Gameplay ကို ကြည့်ရသလောက် Overwatch နဲ့ နည်းနည်းဆင်တူပါတယ်။
3.League of legends Esports manager game
LOL pro teams တွေကို manage လုပ်တဲ့ပုံစံမျိုးဆော့ကစားရမှာပါ Football manager လို gameplay မျိုးနဲ့ ဆင်မယ်လို့ သိရပါတယ်။
4.Legends of Runeterra
Legends of Runeterra ဆိုနဲ့နာမည်နဲ့ Card Game ကိုလဲ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆိုတော့ ၁၀ နှစ်အတွင်း သိပ်မလှူပ်ရှားခဲ့တဲ့ Riot games ကတော့ ဒီတစ်ကြိမ်မှာ Popluar game genres တွေထဲကို ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လဲ Game Genre တွေအလိုက် EA, Activation, Blizzard, UbiSoft တို့လို universe မျိုးစုံကစားနေရာကနေ Riot ရဲ့ single universe ထဲမှာပဲ genres မျိုးစုံကို ဆော့ကစားနိုင်တော့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: PC Gamer
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photos & videos from PC gamer & Riot
#Zawgyi
4.Legends of Runeterra
Source: PC Gamer
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
0 Shares
ShineHtetAung
I'm just a mariner and a nerdy tech guy who has a deep passion of tech. I've been a tech writer for almost five years and I founded this website. My only mission is to provide all about tech in all aspects of technology fields.
Leave a Reply
Your email address will not be published. Required fields are marked *
Copy link
Powered by Social Snap