Zawgyi
အားလုံးပဲ မဂၤလာပါ
1.Design
2.Performance
3.Camera
4.Display
5.Weight
6.Battery Life
7.iOS & User Experience
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Unicode
အားလုံးပဲ မင်္ဂလာပါ
ဒီနေ့မှာတော့ iPhone X ပိုင်ရှင်တွေအတွက်
အခုနောက်ဆုံးပေါ် iPhone 11 Pro series တွေကိုလဲသင့်လား?
ဘယ်လိုအချက်တွေက မလဲသင့်တာလဲ? စတာတွေကို ရေးသားဖော်ပြလိုက်ပါတယ်။
Apple ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိခဲ့တဲ့ iPhone X ဟာ အခုအသစ်ထွက် iPhone 11 pro တွေနဲ့ဆိုရင် ၂ နှစ်နောက်ကျနေပါပြီ။ သင့်အနေနဲ့ iPhone တွေကို နှစ်တိုင်းအသစ်ထွက်တိုင်း ကိုင်ကို ကိုင်ရမဲ့ သူတစ်ယောက်လို့ ခံယူထားရင် ၊ Budget လဲ ပေါတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြမဲ့ အချက်တွေကို ဆက်မဖတ်ပဲ 11 Pro series ကို လဲလိုက်ပါ။ ဒါပေမဲ့ နောက်ဆုံးပေါ်အသစ်ဆိုတဲ့ခံစားချက်ရယ် ၊ iPhone X ထက် features တွေပိုစုံတယ်ဆိုတဲ့ ခံစားချက်ရယ်ဟာ သာမန်ဖုန်းအသစ်လဲမဲ့ users တွေအတွက် ပေးဆပ်သင့်ရဲ့လားဆိုတာ အောက်မှာ ဖော်ပြမဲ့ အချက်လေးတွေ နဲ့ ယှဉ်ထိုးကြည့်လိုက်ရအောင် …
1.Design
iPhone X ရဲ့ ရှေ့မျက်နှာပြင်ဘက်ခြမ်းဟာ iPhone 11 pro နဲ့ အတူတူပါပဲ ဖုန်းကို ပက်လက်လှန်ပြီးချထားရင် ခွဲရတောင် ခက်ပါလိမ့်မယ်။ နောက်ဘက်မှာတော့ camera အထားအသိုပြောင်းသွားတာရယ် ၊ အရောင်အသစ်တွေတိုးလာတာရယ် ၊ နောက်က Glass ကို Matte finish (ကိုင်ရတာ ချောမနေအောင်) လုပ်ပေးထားတာရယ်ကလွဲရင် သုံးထားတဲ့ Materials တွေကလဲ အတူတူပဲ ဖြစ်ပြီး Design ပိုင်းကလဲ apple ရဲ့ ထုံးစံအတိုင်း သိပ်ပြီး မထူးခြားသွားပါဘူး။ တကယ်လို့ လူကြားထဲမှာ ဖုန်းလာတဲ့အခါ ဖုန်းထုတ်ပြောရင် ဖုန်းရဲ့နောက်ဘက်ခြမ်းက ကင်မရာ setup ကြီးက iPhone 11 Pro ပါလားဟ ဆိုတဲ့ ခံစားချက်မျိုးလိုချင်ရင်တော့ အသစ်လဲသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ iPhone X နဲ့ 11 Pro ကို Design ကြောင့်ဆိုရင် အခုချိန်မှာ မလဲသေးပါဘူး။ (ဒါကျွန်တော့် တစ်ဦးတည်း အမြင်ဖြစ်ပါတယ်။) ပြီးတော့ နောက်တစ်ချက်အနေနဲ့ 2020 မှာ iPhone တွေရဲ့ Design ပိုင်း ပြောင်းလဲလာနိုင်ချေလဲ ရှိပါသေးတယ်။ Design ပိုင်းကြောင့်လဲချင်တာဆိုရင် iPhone 6/7/8 ပိုင်ရှင်တွေအနေနဲ့ဆိုရင်တော့ လဲသင့်တယ်လို့ မြင်မိပါတယ်။
2.Performance
iPhone 11 pro ကို ဝယ်ဖို့စဉ်းစားတာဟာ အခုလက်ရှိသုံးနေတဲ့ iPhone X က အသုံးပြုရတာ မသွက်လက်ပဲ လေးလံနေလို့လား? ဒါဆိုရင်တော့ မလဲသင့်သေးပါဘူး iPhone 11 Pro ရဲ့ A13 chip ကြီးက Smartphones တွေအားလုံးထဲမှာ အကောင်းဆုံး ၊ အမြန်ဆန်ဆုံးဆိုတာ အမှန်တကယ်ဟုတ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သင့်ရဲ့ iPhone X လေးပေါ်မှာလဲ App store မှာ ရှိတဲ့ ဘယ်လို Apps and Games မျိုးကို မဆို ကောင်းကောင်းအသုံးပြုနိုင်သလို Daily Usage မှာလဲ iPhone X ရဲ့ Performance ဟာစိတ်မပျက်ရသေးပါဘူး။
3.Camera
Camera ဆိုတဲ့ နေရာမှာတော့ စဉ်းစားရတာ နည်းနည်းခက်ပါတယ်။ iPhone 11 Pro မှာ Night Mode ရမယ် ၊ Ultra Wide တွေရိုက်လို့ရမယ် ၊ ရှေ့ဘက် Selfie Camera ကနေ Slofie (slow-mo Selfie video) တွေ ရိုက်လို့ရမယ် ၊ 4K recording ကို 60fps အထိရိုက်လို့ရမယ်။ ဒီအရာတွေကို iPhone X ပေါ်မှာ ရိုက်လို့မရပါဘူး ဒါပေမဲ့ … ဓာတ်ပုံကောင်းတစ်ပုံဟာ camera ပေါ်မှာ မူတည်တာမဟုတ်ပဲ Camera နောက်က လူပေါ်မှာ အဓိက မှီတည်တယ်ဆိုတာကိုလဲ ပြန်လည်သတိချပ်စေချင်ပါတယ်။ ကျွန်တော့် အမြင်အရတော့ iPhone X ရဲ့ camera ဟာလဲ ပုံမှန်နေ့စဉ်သုံးအတွက် ပြည့်စုံပြီး တော်ရုံဖုန်းကင်မရာတွေတန်းတူ ကောင်းတုန်းပါပဲ။ Nightmode ဘာညာအတွက် App သုံးမယ် ၊ Wide shot တွေအတွက် Lens အပိုလေးတွေနဲ့ရိုက်မယ် စသည်ဖြင့် ဖြေသိမ့်လို့ရပါတယ်။ အပေါ်မှာပြောပြခဲ့တဲ့ iPhone 11 Pro ရဲ့ Camera လုပ်ဆောင်နိုင်စွမ်းတွေဟာ သင့်အတွက် သိပ်မထူးဘူးလို့ ခံစားရရင် iPhone 11 Pro တွေကို မလဲသင့်သေးပါဘူး။
4.Display
iPhone 11 Pro တွေရဲ့ Super Retina XDR Display ကြီးဟာ Contrast တွေ ပိုကောင်းလာတယ် ၊ brightness တွေမှာ Nits(အလင်းအား) တွေပိုကောင်းလာတယ် ၊ iPhone X ထက် ပိုပြီးကောင်းလာတယ်ဆိုတာတော့အမှန်ပါ။ ဒါပေမဲ့… သင့်ရဲ့ iPhone X မှာလဲ Smartphone တစ်လုံးရဲ့ Display မှာရှိသင့်တဲ့ အရည်အချင်းတွေ အကုန်ပြည့်စုံနေတုန်းပါပဲ။ Pixels Per Inch(ppi) ချင်း ယှဉ်မယ်ဆိုရင်လဲ iPhone X မှာလဲ 458 ppi, iPhone 11 Pro မှာလဲ 458ppi အတူတူပဲဖြစ်ပါတယ်။ iPhone X ရဲ့ HDR, True Tone, Wide Color Gamut တွေဟာလဲ iOS Apps အားလုံးနဲ့ ကောင်းကောင်းအလုပ်လုပ်နေတုန်းပါပဲ ဒီ App ကတော့ iPhone 11 Pro ရဲ့ Display ပေါ်မှာမှ အလုပ်လုပ်မယ်ဆိုတာမျိုးမရှိသေးပါဘူး။ ပြီးတော့ iPhone X ထွက်ခဲ့တုန်းကလဲ သူ့ခေတ်မှာ အကောင်းဆုံး Display ဖြစ်ခဲ့တယ်ဆိုတာ မေ့ပစ်လို့တော့ မရပါဘူး။
Display ကြောင့်ဆိုရင်တော့ iPhone 11 Pro နဲ့ မလဲသင့်သေးဘူးလို့ မြင်မိပါတယ်။
5.Weight
ဒီအချက်ကတော့ iPhone X က အနိုင်ရတဲ့အချက်ပါ iPhone X ဟာ iPhone 11 Pro နဲ့ Pro Max ထက်ပိုပေါ့ပြီး နည်းနည်းလေးပိုပါးပါတယ်။ ကိုင်ရတာ လက်ထဲမှာ ကျစ်ကျစ်လစ်လစ်နဲ့ compact ပိုဖြစ်ပါတယ်။ iPhone X (174gram), 11Pro (188gram), 11 Pro Max(226gram) စီအသီးသီး ရှိပြီးတော့ iPhone X ကတော့ အပေါ့ပါးဆုံးဖြစ်ပါတယ်။ သင်က compact phone တွေကို ပိုသဘောကျတယ် ၊ လေးတာကိုလဲ မကြိုက်ဘူးဆိုရင် အထူးသဖြင့် 226 gram တောင်လေးတဲ့ 11 Pro Max ကို ဝယ်ဖို့သေချာ စဉ်းစားသင့်ပါတယ်။ (ကျွန်တော့်အနေနဲ့ စဥ်းစားရမယ်ဆိုရင်တော့ compact phone တွေ ၊ ပေါ့ပါးကျစ်လစ်တဲ့ ဖုန်းတွေကို သဘောကျတာကြောင့် 11 Pro Max ကို လုံးဝဝယ်ဖြစ်မှာ မဟုတ်ပါဘူး ၊ ဖုန်းတစ်လုံးဟာ အတော်လေးနေပြီး အိတ်တွေထဲ ထည့်လို့ အဆင်မပြေတာမျိုးကို ကျွန်တော်ကတော့ သဘောမကျပါဘူး တကယ်ဆိုရင် 138 gram ပဲရှိတဲ့ iPhone 7 ရဲ့ size နဲ့ အလေးချိန်ကို သဘောအကျဆုံးပါပဲ။ ဤကား စကားချပ်)
6.Battery Life
Battery Life မှာတော့ iPhone 11 Pro Series တွေရဲ့ အသုံးခံမှူဟာ အထင်ကြီးစရာကောင်းပါတယ်။ iPhone 11 Pro (3046 mAh) ဟာ iPhone Xs ထက် ၄ နာရီလောက်ပိုအသုံးခံပြီး 11 Pro Max (3969 mAh) က Xs Max ထက် ၅နာရီပိုပြီးအသုံးခံလာပါတယ်။ iPhone X မှာတော့ 2716 mAh ပဲ ပါဝင်ပါတယ်။ ဆိုတော့ အပေါ်ကပြောခဲ့တဲ့ အချက်တွေအားလုံးထဲမှာ အခုပြောတဲ့ Battery ပိုခံတာကို လိုချင်တာကြောင့်ဆိုရင်တော့ iPhone 11 Pro Series တွေကို လဲသင့်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကို သေချာပြန်စဉ်းစားကြည့်ပါ Battery Life ကို ကိုယ်က တကယ်လိုအပ်ရဲ့လား ၊ အဲ့ Battery Life အတွက်နဲ့ iPhone 11 Series တွေကို လဲလိုက်မှာလား ဒါမှမဟုတ် 2020 iPhone အသစ်တွေကို စောင့်မလားဆိုတာကိုပေါ့။ ပြီးတော့ အခုကိုယ်အသုံးပြုနေတဲ့ iPhone X ရဲ့ Battery Life က 80% အောက်ရောက်နေတယ်ဆိုရင် Authorized Reseller/Service တွေမှာ Battery Replacement Program တွေရှိပါတယ်။ (ကျွန်တော်ဆိုရင်တော့ $70 လောက်သုံး Battery အသစ်လဲပြီး iPhone X လေးကိုပဲ ဆက်ကိုင်ဖြစ်နေဦးမှာပါ 😁)။
7.iOS & User Experience
ဟုတ်ပါတယ် အဓိက အရေးကြီးဆုံးကတော့ iOS & User Experience ပါပဲ။ iPhone X ပေါ်မှာလဲ iOS 13 ကိုကောင်းကောင်းအသုံးပြုနိုင်တယ် ၊ DarkMode လဲရတာပါပဲ ၊ iPhone 11 Pro လဲ iOS 13 သုံးတာပါပဲ သုံးရတဲ့ User Experience ချင်းလဲ ထူးထူးခြားခြား ကွာသွားမှာ မဟုတ်ပါဘူး။ ပြီးတော့ အပိုဆုအနေနဲ့ iPhone X မှာ iPhone 11 Pro series တွေမှာ ဖယ်ရှားခြင်းခံလိုက်ရတဲ့ 3D Touch လေးပါ အဆစ်သုံးလို့ရပါသေးတယ်။
စာတွေဖတ်လိုက်ရတာ အရမ်းရှည်သွားတယ်မို့လား ၊ iPhone အသစ်ဝယ်မဲ့ ပိုက်ဆံလေးကို ပြန်သိမ်းလိုက်ပြီး လက်ထဲက iPhone X လေးကိုပဲ ဆက်သုံးနေလိုက်ပါလို့ အကြံပေးချင်ပါတယ်။ 😜
(အခု ဖော်ပြခဲ့တဲ့ အရာတွေက ပိုက်ဆံပေါတဲ့သူတွေ ၊ Rick Kids တွေ ၊ iPhone Series အသစ်တိုင်းကို အမြဲဝယ်ကိုင်နေတဲ့ သူတွေအတွက် မဟုတ်ပဲ ကျွန်တော့်လို ဖုန်းတစ်လုံးဝယ်ဖို့ စဉ်းစားနေတဲ့သူတွေ ၊ 2020 iPhone တွေကို စောင့်နေတဲ့သူတွေအတွက် ဆိုတာ သတိချပ်ပေးပါ) xD
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photo Credit to Macworld and Forbes
One thought on “iPhone X vs iPhone 11 Pro Should You Upgrade”