မနေ့ညက Apple ရဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ WWDC Event မှာ iOS 13 ရဲ့ မျိုးဆက်သစ် iOS 14 ကို တရားဝင်မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ ဆိုတော့ iOS 14 မှာ ပါဝင်လာတဲ့ features အသစ်တွေနဲ့ update ရရှိနိုင်မဲ့ devices တွေရဲ့ စာရင်းကို ဖော်ပြလိုက်ပါတယ်။
1.App Library ပါဝင်လာတဲ့ Home Screen

Apple ကတော့ iOS users တော်တော်များများလိုချင်နေတဲ့ Home Screen ပေါ်က Application တွေကို အသုံးပြုသူကိုယ်တိုင် စိတ်ကြိုက်နေရာချထားခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Application တွေကို သက်ဆိုင်ရာ Category အလိုက် ခွဲခြားပေးထားတဲ့ App Library ဆိုတဲ့ feature လဲ ထည့်သွင်းပေးလာပါတယ်။

App library မှာ Suggestions, Recently Added, Social, Health စသဖြင့် ခေါင်းစဉ်အလိုက် Folders လေးတွေ ခွဲပေးထားမှာပါ။
2.New Widgets on Home Screen
အရင်က iOS version တွေမှာ Widgets တွေကို Today view (Home screen ရဲ့ ဘယ်ဘက်အခြမ်း) မှာပဲ နေရာချထားလို့ရပေမဲ့ iOS 14 မှာတော့ Widgets တွေဟာ information တွေ ပိုပြီးများများပြပေးလာနိုင်သလို Today view ကနေ Home screen ဆီကို နေရာရွှေ့လို့ရလာပါတယ်။

“Smart Stack” လို့ ခေါတဲ့ Widgets ကနေ ကိုယ်အမြဲအသုံးပြုနေကျဖြစ်တဲ့ widgets တွေကို swipe လုပ်ပြီး ကြည့်ရှူနိုင်သလို တစ်နေ့တာလုံးမှာ လိုအပ်တဲ့ information တွေကို အလိုအလျောက်ပြပေးအောင်လဲ ပြုလုပ်ထားလို့ ရပါတယ်။
3.New Siri Interface
အရင်က iOS Version တွေမှာ Siri ကို ခေါ်လိုက်ရင် Screen အပြည့် ပေါ်လာတာဖြစ်ပြီး ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခု App တစ်ခုလုံးကို မမြင်ရတော့ပါဘူး။ iOS 14 မှာတော့ Siri ကို ခေါ်ရင် screen ရဲ့ အောက်ခြေမှာ Siri Blob ပုံလေးပဲ တက်လာမှာဖြစ်ပြီး ကိုယ်မေးလိုက်တဲ့ information တွေကို Screen ရဲ့ အပေါ်မှာ Notification ပုံစံနဲ့ ပြပေးမှာ ဖြစ်ပါတယ်။

ပြီးတော့ iOS 14 မှာ Translate App အသစ်တစ်ခု ပါဝင်လာပြီး လောလောဆယ်မှာ English, Mandarin Chinese, French, German, Spanish, Italian, Japanese, Korean, Arabic, Portuguese နဲ့ Russian ဆိုတဲ့ ဘာသာစကား ၁၁ မျိုးအထိ support ပြုလုပ်ထားပါတယ်။ (update တွေမှာ ဘာသာစကားတွေ ပိုများလာမှာပါ)

Translate App အနေနဲ့ internet ရှိဖို့မလိုပဲ Offline အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Siri အနေနဲ့လဲ ဒီ feature ကို အသုံးပြုပြီး conversation တွေကို ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။
4.Picture in Picture Mode

Application တစ်ခုအသုံးပြုနေရင်း screen ပေါ်မှာ video ကြည့်လို့ရတဲ့ feature ကို ထည့်သွင်းပေးလာပါတယ်။ Video ရဲ့ size ကို ကျုံ့နိုင်၊ ချဲ့နိုင်သလို ကြိုက်တဲ့နေရာကိုလဲ ရွှေ့နိုင်ပါတယ်။ ပြီးတော့ screen ရဲ့ ဘေးဘက်ကို slide လုပ်လိုက်ရင်လဲ Audio အဖြစ်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ (ဥပမာ facebook သုံးနေရင်း Youtube video ကို Picture in Picture mode နဲ့ အသုံးပြုတာမျိုးလုပ်လို့ရပါတယ်။ Slide လုပ်ပြီး Youtube က MTV တွေကို Audio only နဲ့ သီချင်းနားထောင်နေတာမျိုးလဲ လုပ်လို့ရပါတယ်။)
5.Maps
iOS 14 မှာ Maps ကိုလဲ အဆင့်မြှင့်တင်မှူတော်တော်များများ ပြုလုပ်ပေးထားပါတယ်။ စားသောက်ဆိုင်တွေ၊ မြို့တစ်မြို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို Guides က လမ်းညွှန်မှုပြုလုပ်ပေးနိုင်ပါတယ်။ Cycling Direction တွေကိုလဲ suggest လုပ်နိုင်လာပါတယ်။ (လောလောဆယ်မှာတော့ နိုင်ငံအချို့မှာပဲ ရရှိဦးမှာပါ။)

နောက်တစ်ခုက လျှပ်စစ်ကားပိုင်ရှင်တွေအတွက် EV routing ဆိုတဲ့ feature ပါဝင်လာပါတယ်။ ကိုယ့်ကားရဲ့ ကျန်ရှိနေသေးတဲ့ Battery ပမာဏအပြင် သွားမဲ့လမ်းခရီးတစ်လျှောက် အားသွင်းနိုင်မဲ့ Charging Station တွေ၊ weather တွေကို ဖော်ပြပေးမှာပါ။
6.App Clips
ဒီ feature က Application တစ်ခုကို အသုံးပြုဖို့လိုလာတဲ့အချိန်မှာ App တစ်ခုလုံးကို Download ပြုလုပ်စရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App Clips ကို အသုံးပြုမယ်ဆိုရင် Application တော်တော်များများရဲ့ ပမာဏက 10MB အောက်ပဲ ရှိမှာဖြစ်ပြီး Account ဖွင့်ဖို့လိုအပ်တဲ့ Apps တွေ ရှိရင် Acc အသစ်ဖွင့်စရာမလိုပဲ “Sign in with Apple” feature အသုံးပြုပြီး Log in ပြုလုပ်လို့ရမှာဖြစ်ပါတယ်။

App clip ကို website တွေ၊ Maps တွေ၊ NFC Tags or QR codes တွေကနေတဆင့်လဲ အသုံးပြုနိုင်ပြီး App Clip အသုံးပြုဖို့အတွက် App Clip Code ဆိုတာကိုလဲ တစ်ပါတည်း ပြသခဲ့ပါတယ်။ App Clip က App Library ထဲမှာ Application တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပြီး နောက်တစ်ခါလွယ်လွယ်ကူကူပြန်သုံးနိုင်သလို Application တစ်ခုလုံး Download လုပ်ချင်ရင်လဲ လုပ်လို့ရပါတယ်။
7.Messages
Messages ပိုင်းမှာလဲ ပြောင်းလဲမှူတော်တော်များများ ပြုလုပ်ထားပြီး အရေးကြီးတဲ့ Message Conversation တွေကို အပေါ်ဆုံးမှာ conversation ၉ခု အထိ Pinned လုပ်ထားနိုင်ပါတယ်။

Group conversation တွေမှာ Group Photo, Group နာမည် နဲ့ ပါဝင်တဲ့သူတွေရဲ့ Profile ဓာတ်ပုံတွေကို မြင်တွေ့ရတော့မှာဖြစ်ပြီး Group Message တစ်ကြောင်းစီကို သီးသန့် Reply ပြန်နိုင်ပါတယ်။ (Messenger က reply နဲ့ ဆင်တူပါတယ်။) ပြီးတော့ Group Member တစ်ယောက်ချင်းစီကိုလဲ Mention ပြုလုပ်နိုင်ပါတယ်။ (ဒီ feature က viber ရဲ့ mention နဲ့ ဆင်တူပါတယ်။)
8.Memoji Updates
Memoji တွေမှာ Hairstyle အသစ် ၇ ခု၊ headwear အသစ် ၁၆ ခု နဲ့ Memoji stickers အသစ် ၃ ခု ထပ်တိုးလာပါတယ်။ Memoji တွေကို ပိုပြီး Exprrssive ဖြစ်ဖို့အတွက် facial and muscle structure အသစ်ကိုလဲ အသုံးပြုထားတယ်လို့ သိရပါတယ်။

9.Safari Improvements
iOS 14 မှာ safari broswer ကလဲ ပိုပြီး secure ဖြစ်လာပါတယ်။ Websites တွေရဲ့ Privacy reports တွေကို access လုပ်နိုင်ပြီး saved လုပ်ထားတဲ့ passwords တွေ လုံခြုံရဲ့လားဆိုတာကိုလဲ Apple အနေနဲ့ Monitor ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက iOS 14 ရဲ့ Translate App ကြောင့် အရင်ကလို Third-Party translate app တစ်ခုမလိုပဲ website တစ်ခုလုံးကို ဘာသာပြန်ပေးနိုင်ပါတယ်။ (လောလောဆယ်မှာ English, Spanish, Chinese, French, German, Russian, or Brazilian Portuguese ဘာသာစကားတွေပဲ ရပါဦးမယ်)
10.Car Keys
နောက်ဆုံးထွက်ရှိထားတဲ့ BMW နဲ့ Ford ကားတွေမှာ ကားသော့မလိုပဲ ကိုယ့် iPhone က NFC ကို Digital Keys အနေနဲ့ အသုံးပြုပြီး ကားကိုဖွင့်နိုင်ပါတယ်။ Messages ကနေလဲ specific driver profiles တွေကို car keys တွေ sharing ပြုလုပ်ပေးနိုင်ပါတယ်။ (လောလောဆယ်မှာတော့ BMW နဲ့ Ford ရဲ့ latest models တွေမှာပဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။)
11.Compact incoming calls
ဒီ Feature ကို iOS Users တော်တော်များများမျှော်လင့်နေခဲ့တာကြာပါပြီ။ ဖုန်းဝင်လာရင် screen အပြည့်ပေါ်လာတာမျိုးမဟုတ်တော့ပဲ Screen ရဲ့ အပေါ်မှာ Pop up Notification ပုံစံလေးပဲ ပေါ်လာမှာပါ။ Facetime Audio, သာမန် ဖုန်း calls တွေအပြင် skype လို VOIP apps တွေကနေ ဖုန်းလာရင်လဲ Notification Pop up လေးနဲ့ပဲ ပြပေးမှာ ဖြစ်ပါတယ်။ (iPhone နဲ့ Game ဆော့တဲ့သူတွေ Screen ပေါ်မှာ အဝင် call ကြီး အပြည့်ပေါ်လာလို့ ဖုန်းကိုင်စရာ၊ ချစရာမလိုတော့ဘူးပေါ့)

12.Refined Universal Search
အရင်က Spotlight search လိုပဲ Home screen ကနေ အောက်ကို ဆွဲချပြီး အသုံးပြုနိုင်ပါတယ်။ ကိုယ်ရှာနေတာ App တစ်ခုဆိုရင် ဖုန်းထဲမှာ အဲ့ App ရှိနေမယ်ဆိုရင် Keyboard က Go ကို နှိပ်လိုက်တာနဲ့ အဆိုပါ Application က ပွင့်လာမှာဖြစ်ပြီး contacts, maps, mail, messages, files နဲ့ suggested web searches တွေကိုလဲ ရှာဖွေပေးနိုင်ပါတယ်။
ဆိုတော့ မနေ့က မိတ်ဆက်သွားတဲ့ ကြေငြာပွဲမှာ ပါဝင်လာတဲ့ iOS 14 Features တွေကတော့ ဒါအကုန်ပါပဲ။
iOS 14 ဘယ်နေ့မှာ တရားဝင် ထွက်ရှိမှာလဲ?
ရက်အတိအကျ ကို မသိရသေးပဲ အရင်နှစ်တွေအတိုင်းဆိုရင်တော့ iPhone အသစ်တွေမိတ်ဆက်တဲ့ September လမှာ တစ်ခါတည်း ထွက်ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ ကိုဗစ်ကြောင့်သာ iPhone အသစ်တွေ မိတ်ဆက်ဖို့နောက်ကျခဲ့မယ်ဆိုရင် iOS 14 လဲ နောက်ကျနိုင်ပါတယ်။
လောလောဆယ် iOS 14 ကို စမ်းသပ်ချင်ရင် Developer Beta version တင်လို့ရပါတယ်။ ဒါပေမဲ့ errors တွေ အရမ်းလဲများသလို Data တွေလဲ အကုန်ပျက်မှာမလို့ သာမန် users တွေအနေနဲ့ Public Beta ထွက်တဲ့အထိ ခဏစောင့်ကြည့်တာပိုကောင်းပါတယ်။
iOS 14 ကို update ရရှိနိုင်မဲ့ Devices များ
iPhone 11
iPhone 11 Pro
iPhone 11 Pro Max
iPhone XS
iPhone XS Max
iPhone XR
iPhone X
iPhone 8
iPhone 8 Plus
iPhone 7
iPhone 7 Plus
iPhone 6s
iPhone 6s Plus
iPhone SE (1st generation)
iPhone SE (2nd generation, 2020)
iPod touch (7th generation)
iPad OS 14 ကို update ရရှိနိုင်မဲ့ Devices များ
iPad Pro 12.9-inch (4th generation)
iPad Pro 11-inch (2nd generation)
iPad Pro 12.9-inch (3rd generation)
iPad Pro 11-inch (1st generation)
iPad Pro 12.9-inch (2nd generation)
iPad Pro 12.9-inch (1st generation)
iPad Pro 10.5-inch
iPad Pro 9.7-inch
iPad (7th generation)
iPad (6th generation)
iPad (5th generation)
iPad mini (5th generation)
iPad mini 4
iPad Air (3rd generation)
iPad Air 2
Ref: Macrumors, tomsguide