Huawei အနေနဲ့ Under-Display Selfie Camera နဲ့ Virtual Buttons တွေ ပါဝင်တဲ့ Smartphone အသစ် ၂ လုံးကို CNIPA (China National Intellectual Property Administration) မှာ မူပိုင်ခွင့်တင်ခဲ့တယ်လို့ သိရပါတယ်။ World Intellectual Property Office ရဲ့ database မှာလဲ ပါဝင်နေပြီး အဆိုပါ ဖုန်းအသစ်တွေရဲ့ Patent Design တွေကိုလဲ စတင်တွေ့မြင်ရပြီ ဖြစ်ပါတယ်။

ပထမ Model ရဲ့ ဒီဇိုင်းက အရှေ့ဘက်မှာ မျက်နှာပြင်အပြည့်၊ ဘေးဘောင်တွေ လုံးဝ ပါးလွှာနေတာကို တွေ့ရပြီး popup mechanism တွေ၊ Punch-Hole တွေ မပါတဲ့ Full View Display ဖြစ်ပါတယ်။ ပြီးတော့ အရှေ့ဘက်မျက်နှာပြင် Display ဆီကနေ ဘေးဘက်တွေကို curved ထားတဲ့ နေရာနှစ်ခုကိုလဲ တွေ့ရပြီး Power Button, Volume Rockers တွေအတွက် Virtual Buttons တွေ ဖြစ်ပါတယ်။
နောက်ထပ် Model တစ်ခုရဲ့ ဒီဇိုင်းက အပေါ်က ဖုန်းနဲ့ အကုန်နီးပါးဆင်တူနေပြီး မတူတာက ဘေးဘက်ကို curved ထားတဲ့ နေရာတွေက နောက်ကျောဘက် Body အထိ ရောက်နေတာပါ။

အခုထွက်ပေါ်လာတဲ့ မူပိုင်ခွင့် ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး Huawei ဘက်ကနေတော့ ဖုန်းမော်ဒယ် တစ်ခုခုကို အတည်ပြုထားခြင်းမရှိသေးပါဘူး။
နောက်ပြီးတော့ ဒါဟာ မူပိုင်ခွင့်တင်ထားတာဖြစ်လို့ ဘယ်အချိန်မှာ စတင်ထုတ်လုပ်သွားမယ်ဆိုတာလဲ အတိအကျမသိရသေးပါ။ (သတင်းကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။)
ဆိုတော့ ဘာပဲပြောပြော Vivo ကလဲ Apex 2020 နဲ့ အတူ Under-Display Selfie Camera ကို Concept အနေနဲ့ ချပြပြီးသွားပြီဆိုတော့ Huawei တို့၊ Xiaomi တို့၊ Oppo တို့လဲ UD Selfie Camera တွေကို စမ်းသပ်နေကြမှာပါ။ လက်ရှိအချိန်ထိတော့ Concept Device တစ်ခုအနေနဲ့ မဟုတ်ပဲ Retail Device တစ်ခုအနေနဲ့ Consumers တွေလက်ထဲကို အရောက်ပို့ပေးနိုင်မဲ့ UD Selfie camera ဖုန်းတွေ ထွက်ရှိမလာသေးပါဘူး။
မျက်နှာပြင်အပြည့်ဖြစ်အောင် အပြိုင်အဆိုင် ကြိုးစားနေကြတဲ့အချိန်မှာ Huawei ကများ ပထမဆုံး UD Selfie Camera ပါဝင်တဲ့ Smartphone တစ်လုံးကို ဈေးကွက်ထဲမှာ ပထမဆုံး စတင်ရောင်းချနိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Let’sGoDigital | Featured Image is Mate 30 Pro RS Porsche Design credit to PocketNow