iPhone Status Bar ရဲ့ နာရီဘေးမှာ Emoji လေးနဲ့ အလှဆင်ကြည့်ကြမယ်

ပျင်းနေတာနဲ့ iOS 15 ရဲ့ iPhone အပေါ်က နာရီလေးဘေးမှာ Emoji လေးနဲ့ အလှဆင်လို့ရတဲ့ Tip လေး တစ်ခု sharing လုပ်ပေးမယ်ဗျာ။

အရင်ဆုံး Setting ကို ဖွင့်ပြီးရင် Focus ဆိုတဲ့အထဲကို ဝင်ရပါမယ်။
Focus ထဲကို ရောက်ရင် ညာဘက်အပေါ်ဆုံးထောင့်က + ပုံလေးကို နှိပ်ပါ။

ပြီးရင် Custom ကို ရွေးပြီး ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုပေးပါ။

ပြီးရင် အရောင်လေးတွေနဲ့ ကိုယ်ထားချင်တဲ့ Emoji icon လေးကို ရွေးပေးပါ။

ပြီးရင်တော့ အရေးကြီးတဲ့နေရာ ရောက်ပါပြီ။ Focus ဆိုတာ အရင်က Do not disturb ကို အဆင့်မြှင့်ထားတာမလို့ Focus ကို သုံးရင် ဖုန်းတွေဝင်မလာတာ၊ စာတွေဝင်မလာတာ၊ Notification တွေ ဝင်မလာတာ ဖြစ်ပါလိမ့်မယ်။

ဆိုတော့ အဲ့လိုမဖြစ်အောင် နောက်တစ်ဆင့်ပေါ်လာတဲ့ Allowed People for Notifications ဆိုတဲ့နေရာမှာ ကိုယ့် Contacts အကုန်လုံးကို အမှန်ခြစ်ပေးပြီး Done နှိပ်ပေးထားဖို့လိုပါတယ်။ ဒါမှ Contacts ထဲက လူတွေ sms ပို့တာ တို့၊ Noti ဝင်လာတာတာတို့ကို သိရမှာပါ။

ပြီးရင် အောက်က Calls from မှာလဲ Everyone ကို ပေးထားရပါမယ်။ အဲ့ဒါမှကိုယ့်ကို အခြား ဘယ်သူဖြစ်ဖြစ် ဖုန်းခေါ်လို့ရမှာပါ။
(တကယ်လို့ ကိုယ်က အခြားမသိတဲ့ဖုန်းတွေ ခေါ်တာမျိုးမဖြစ်စေချင်ရင် Call from ကနေ ကိုယ့်ရဲ့ Favorites (သို့မဟုတ်) All Contacts ကို ရွေးထားပေးလို့လဲ ရပါတယ်။)

အားလုံး ရွေးပြီးသွားရင်တော့ Allow ကို နှိပ်ပါ။

ပြီးရင် နောက်တစ်ဆင့်ပေါ်လာတဲ့ Allowed Apps ဆိုတဲ့နေရာမှာ Add App ကနေ ကိုယ့်သုံးတဲ့ Application အကုန် ရွေးပြီး Add ပေးဖို့လိုပါတယ်။ အကုန်သုံးရင် အကုန်ရွေးပေးလိုက်ပါ။ အခုလိုရွေးမပေးရင် သုံးနေကျ Facebook, Messenger, အခြား Apps တွေက Noti တစ်ခုမှ မတက်လာပဲ နေပါလိမ့်မယ်။

အားလုံး ပြီးပြီဆိုရင်တော့ Done ကို နှိပ်ပြီး ကိုယ်နာမည်ပေးထားတဲ့ Focus Name လေးကို On ပေးလိုက်ရင် နာရီဘေးမှာ ကိုယ်သတ်မှတ်ထားတဲ့ Emoji လေး ပေါ်နေပါလိမ့်မယ်။

Focus ရဲ့ ရည်ရွယ်ချက်က ကိုယ့်ဖုန်းကို အခြားလူတွေ၊ Application တွေကနေ အနှောင့်အယှက်မဖြစ်အောင် အရင်က Do not disturb ရဲ့ Feature လိုမျိုး၊ တချို့‌သုံးဖူးတဲ့ ဖုန်း Blacklist App လိုမျိုး သုံးဖို့ ထားထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီ Focus ရဲ့ အဓိက ရည်ရွယ်ချက်ကို မသုံးချင်ပဲ သူ့မှာပါတဲ့ Emoji icon လေးတွေကို အလှဆင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးမှာပါ။ ဒါကြောင့် သူပိတ်‌ဖို့ ပြောတဲ့ဟာမှန်သမျှ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို Notification တွေ၊ Calls တွေ၊ Application တွေ အကုန်လုံးကို On ထားပေးဖို့ လိုပါတယ်။ ဒါမှ ဖုန်းက ပုံမှန်အလုပ်လုပ်နေမှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ icon လေးပဲ နာရီဘေးမှာ ပေါ်နေမှာဖြစ်ပါတယ်။

တကယ်လို့ Focus ဖွင့်ပြီး Emoji လေးလဲ နာရီဘေးမှာ ရနေပြီးတော့မှ ဖုန်းက ပုံမှန်အတိုင်း မဟုတ်ဘူး၊ Noti တွေ မဝင်လာဘူး၊ စာတွေမဝင်ဘူး၊ ဖုန်းတွေမဝင်ဘူးဆိုရင် Focus Mode ကို ပြန်ပိတ်ပေးပါခင်ဗျာ။

Ref: Macrumors

Blue Scar

Leave a Reply

Your email address will not be published. Required fields are marked *