X-Men Universe ရဲ့ Powerful Mutant ကြီး Magneto အကြောင်း ဘယ်လောက်သိပြီးပြီလဲ?

အားလုံးပဲ မင်္ဂလာပါ … ဒီနေ့မှာတော့ X-Men Universe ရဲ့ Powerful Mutant ကြီး Magneto aka Erik Lensherr ရဲ့ အကြောင်းတွေ၊ သူဘယ်လောက်ထိ ကြမ်းလဲ ဆိုတာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အခု Article မှာ Movie ရော၊ comics ထဲက အကြောင်းအရာတွေရော ပါဝင်ပါတယ်။

1.Defeating Avengers Single Handedly

Magneto: Dark Seduction Comics မှာ Magneto နဲ့ Avengers တွေ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။ Single Hand နဲ့ပဲ Avengers တွေအကုန်လုံးကို အမှောက်သိပ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး Avengers တွေနဲ့ တွေ့တိုင်း Magneto နိုင်ခဲ့တဲ့ အကြိမ်တွေ အများကြီး ရှိခဲ့ပါတယ်။

2.The Warsaw Ghetto

X-Men universe ရဲ့ mutants တွေထဲမှာ ဘက်လိုက်မှူတွေ၊ လူမျိူးရေးခွဲခြားခံရတာတွေ၊ စိတ်ဒဏ်ရာခံစားခဲ့ရတာတွေ စတဲ့အရာတွေမှာ Magneto ကလေးဘဝဟာ အခြားသော mutant တွေထက် ပိုမိုများပြားခဲ့ပါတယ်။ သူ့ကို 1920 နှောင်းပိုင်းမှာ German Jewish မိဘတွေက မွေးဖွားခဲ့ပြီး 1935 မှာတော့ သူတို့ မိသားစုဟာ Poland ကို ပြောင်းရွှေ့ခဲ့ပါတယ်။

1939 မှာ ဂျာမန်တွေဟာ ပိုလန်ကို သိမ်းပိုက်လိုက်တဲ့အခါ Magneto တို့ မိသားစုဟာ Germany ရဲ့ အကြီးဆုံး စခန်း Warsaw Ghetto ကို အပို့ခံခဲ့ရပါတယ်။ အချို့သော အခန်းတွေဟာ Movie ထဲမှာ ပါဝင်တာကိုလဲ ဘော်ဒါတို့ မှတ်မိမယ်ထင်ပါတယ်။

3.Escape and Execution

သူနဲ့ သူ့မိသားစုဟာ အခွင့်သာတာနဲ့ ထွက်ပြေးဖို့ကို စောင့်နေခဲ့ပြီး အခွင့်အရေး ရလို့ထွက်ပြေးကြတဲ့အခါ အချင်းချင်း သစ္စာဖောက်မှူတွေကြောင့် Magneto တို့ မိသားစုဟာ အသတ်ခံခဲ့ရပါတယ်။ Erik ကတော့ ကံကောင်းထောက်မစွာနဲ့ မသေခဲ့ပဲ အလောင်းပုံထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

4.Losing Daughter and Wife

သူ့ရဲ့ မိန်းမနဲ့ သမီးလေး အသတ်ခံရပုံဟာ comics နဲ့ Movie မတူပါဘူး။ Comics ထဲမှာ Magneto ဟာ ဂျာမန်တွေဆီက ထွက်ပြေးတဲ့အခါ သူနဲ့အတူ Magda ဆိုတဲ့ အမျိုးသမီးလဲ ပါဝင်ပါတယ်။ နောက်ပိုင်း သူတို့ နှစ်ယောက် ကြိုက်ပြီးတဲ့နောက် Anya ဆိုတဲ့ သမီးလေး ရပါတယ်။ Erik ရဲ့ mutant power ကို ရွာသားအချို့ သတိထားမိပြီးတဲ့နောက် သူတို့အိမ်ကို မီးနဲ့ ရှို့ပြီး ဖျက်စီးခဲ့ကြတယ်။ မီးလောင်တဲ့အချိန်မှာ သူ့သမီးလေးဟာ အထဲမှာ ရှိနေခဲ့တာဖြစ်ပြီး သမီးဆုံးရှုံးသွားတဲ့ စိတ်နဲ့ ပါဝင်တဲ့သူတွေအကုန် သတ်ပစ်ခဲ့တဲ့အပြင် ရွာကိုပါ ဖျက်စီးခဲ့ပါသေးတယ်။

5.Ripped out Wolverine Adamantium

Live Action ထဲမှာလဲ Wolverine ဟာ Magneto ရဲ့ ပြိုင်ဘက်မဟုတ်ခဲ့တာ အားလုံးသိကြမှာပါ။ Uncanny X-Men Vol.2 issue 25 ထဲက X Men တွေနဲ့ Magneto ရဲ့ Battle မှာ Magneto ဟာ Wolverine ခန္တာကိုယ်ထဲက Adamantium တွေကို Skeleton တွေဆီကနေ ဖယ်ထုတ်ပစ်ခဲ့ဖူးပါတယ်။

6.Electricity ထုတ်နိုင်

Magneto ဆိုတာ တကယ်တော့ သံလိုက်ဗီလိန်ကြီး (Magnetic Villian) ပါ။ ဒါကြောင့် electromagnetic force ကို control လုပ်နိုင်ပြီး Electricity (လျှပ်စစ်) ကိုပါ ထုတ်နိုင်ပါတယ်။

7.နာမည်အမျိုးမျိုးပြောင်းခဲ့ဖူး

Enemies တွေရဲ့ Track လုပ်ခံရမဲ့ အန္တရယ်ကြောင့် Max, Magnus, Erik, Magneto စသည်ဖြင့် နာမည်တွေ အမျိုးမျိုးပြောင်းခဲ့ဖူးပါတယ်။

8.Join the Avengers

Natural Orders ကို restore ပြန်လုပ်ပေးတဲ့ Astonishing Avengers အဖွဲ့မှာ Magneto, Carnage, Deadpool, Enchantress, နဲ့ Doctor Doom တို့ ၅ ယောက်ပါဝင်ပါတယ်။

Geek တစ်ယောက်မဟုတ်ပဲ SuperHero Fan တစ်ယောက်အနေနဲ့ ရေးသားတဲ့ facts တွေမှာ အမှား၊ အလွဲ တွေရှိခဲ့ရင် သည်းခံပေးဖို့နဲ့ အမှားပြင်ပေးဖို့ တောင်းဆိုပါရစေ။

Ref: Screenrant, CBR | Featured Image credit to screenrant

Blue Scar

Leave a Reply

Your email address will not be published. Required fields are marked *