Racing Game Fans တွေအတွက် iOS နဲ့ Android ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့ Forza Street

0 Shares

Forza Street ဆိုတဲ့ game ဟာ 2019 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Microsoft Xbox တွေနဲ့ PC တွေပေါ်မှာပဲ ကစားလို့ရခဲ့တဲ့ Racing Game တစ်ခုဖြစ်ပါတယ်။ Microsoft အနေနဲ့ အခုအခါမှာတော့ Forza Street ကို Android နဲ့ iOS အတွက် တရားဝင် ဖြန့်ချီပေးလိုက်ပြီ ဖြစ်ပါတယ်။

Video via Xbox

Game ကို download ဆွဲပြီး စတင်ကစားချိန်မှာ account တစ်ခု create လုပ်ပြီး log in ဝင်မယ်ဆိုရင် 2017 Ford GT free car တစ်စီး ရရှိမှာ ဖြစ်ပါတယ်။ Forza Street game ဟာ အရမ်းကြီး graphic intensive ဖြစ်တဲ့ အမျိုးအစားတော့ မဟုတ်ပေမဲ့ Forza games titles တွေအတိုင်း graphic quality ကတော့ အတော်ကြီး မိုက်ပါတယ်။ Android အတွက် 1.7GB ဝန်းကျင်နဲ့ iOS အတွက် 1.9GB နီးပါးရှိပါတယ်။

အရင် windows မှာ ကစားခဲ့တဲ့သူတွေကလဲ Mobile ပေါ်မှာ ကိုယ့်အကောင့်နဲ့ ဆက်လက်ဆော့ကစားလို့ရတယ်လို့ ဆိုပါတယ်။ Samsung Fans ‌တွေအတွက်တော့ Galaxy Store ကနေ Download ပြုလုပ်မယ်ဆိုရင် Ford Mustang GT တစ်စီး free ရရှိမှာဖြစ်ပြီး Galaxy S20 series ပိုင်ရှင်တွေကတော့ Chevrolet Corvette C6 ကားတစ်စီး free ရရှိမှာဖြစ်ပါတယ်။

Android အတွက် Download ပြလုပ်ရန်

iOS အတွက် Download ပြုလုပ်ရန်

Admin လဲ Racing Games တွေဆိုရင် သဘောကျတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုပဲ Download လုပ်နေပါပြီ။ ဘော်ဒါတို့လဲ racing games တွေကို သဘောကျတယ်ဆိုရင် stay home ကာလမှာ Microsoft ရဲ့ Forza Street game ကို စမ်းသပ်ဆော့ကစားကြည့်လိုက်ပါဦး။

Source: The Verge

0 Shares

ShineHtetAung

I'm just a mariner and a nerdy tech guy who has a deep passion of tech. I've been a tech writer for almost five years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

Leave a Reply

Your email address will not be published. Required fields are marked *

Copy link
Powered by Social Snap