ကမ္ဘာ့ပထမဆုံး 3 trillion တန်ကြေးရှိ နည်းပညာ Company ဖြစ်လာတဲ့ Apple

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု လောက်က Apple ဆိုတဲ့ ကုမ္မဏီဟာ Bankrupt ဖြစ်လုနီးပါးအထိ အခြေအနေဆိုးခဲ့တဲ့ Company တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သင်သိပါသလား?

အဲ့အခြေအနေကနေ ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့တန်ကြေးအကြီးဆုံး ကုမ္မဏီတစ်ခုနေရာကို ရောက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်အချိန်ကလဲ Apple ဆိုတာ 1 Trillion တန်ကြေးရှိ အချမ်းသာဆုံး နည်းပညာ ကုမ္မဏီ ဆိုတဲ့ နေရာ တစ်ခုကို ရောက်ခဲ့ပြီးပါပြီ။

image credit to mashable

ဒီနေ့ အချိန်မှာတော့ Apple ရဲ့ တန်ကြေးက 3 trillion ဒေါ်လာ ($3,000,000,000,000) အထိရောက်ရှ်ိလာခဲ့တာဖြစ်ပါတယ်။

ဒီအနေအထားထိ ရောက်လာတဲ့ Apple ရဲ့ တန်ဖိုးက United Kingdom, France, India နဲ့ Italy တို့ရဲ့ နှစ်စဉ်ဝင်ငွေထက် များပြားနေပါတယ်။

image credit to statspanda reddit

2020 ခုနှစ်မှာ Apple ရဲ့ AirPods Lineup တစ်ခုထဲက ရတဲ့ အမြတ်ငွေဟာ Adobe, Uber, Nvidia, AMD, Spotify, Twitter တို့လို နည်းပညာ ကုမ္မဏီကြီးတွေရဲ့ အမြတ်ငွေထက်တောင် များပြားနေခဲ့တာဆိုတော့ Apple ဒီလောက်ထိ ချမ်းသာလာတာ အဆန်းတော့လဲ မဟုတ်ပါဘူး။

Ref: Cnet | Featured image credit to cnet

Blue Scar

Leave a Reply

Your email address will not be published. Required fields are marked *