An App that can access MIUI Hidden setting

0 Shares

Xiaomi ဖုန်းတွေရဲ့ MIUI မှာ မြှုပ်ထားတဲ့ အသုံးဝင် Setting တွေကို ဖော်ထုတ်အသုံးချနိုင်မဲ့ App

Unicode

အားလုံးပဲ မင်္ဂလာပါ
XDA Developer ဆိုတဲ့ Team က Xiaomi ဖုန်းတွေမှာ အသုံးပြုထားတဲ့ MIUI ရဲ့ အကောင်းဆုံးသော လျှို့ဝှက် Setting တွေကို ဖော်ထုတ်အသုံးပြုနိုင်တဲ့ Application တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ Smartphone အသုံးပြုသူတွေထဲမှာ MIUI ကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့သူတွေလဲ ရှိပါတယ်။

Mi Mix Alpha ( Photo from GSMArena )

ဒီလို App မျိုးတွေ ကြောင့် Xiaomi ရဲ့ MIUI ဟာ အကောင်းဆုံးမဟုတ်ရင်တောင် အသုံးပြုရတော်တော် အဆင်ပြေတဲ့ Smartphone User Interface လို့ ခံစားရပါတယ်။ အခြားဖုန်းတွေမှာ အလွယ်တကူ အသုံးပြုမရနိုင်တဲ့ အရမ်းအသုံးဝင်တဲ့ Hidden Settings တွေကို ဒီ App လေးတစ်ခုတည်းနဲ့ ကောင်းကောင်း အသုံးချနိုင်ပါတယ်။ ဆိုတော့ ဒီ App က ဘာတွေလုပ်ပေးနိုင်လဲ ကြည့်ရအောင်…

ပထမဆုံး ဒီ App ကို အသုံးပြုချင်တဲ့ Xiaomi ဖုန်းဟာ Android Version 5 အထက်ရှိဖို့ လိုအပ်ပါတယ်။
ပထမဆုံး App ကို စဖွင့်လိုက်တာနဲ့ အရေးကြီးတဲ့ Setting တွေကို အသုံးပြုမှာ ဖြစ်တဲ့အတွက် တစ်ခုခု လွဲမှားခဲ့ရင် App နဲ့ မဆိုင်ပဲ အသုံးပြုသူရဲ့ လွဲမှားမှူသာ ဖြစ်တယ်လို့ သတိပေးစာပေါ်လာပါတယ်။
ကျွန်တော်ကတော့ Continue နှိပ်ပေးလိုက်ပါတယ်။

App ကို စဝင်ဝင်ချင်းမှာတော့ ကြော်ငြာလာတာ သိပ်မမိုက်ပါ ၅ စက္ကန့်စောင့်ပြီး အမှားလေးနှိပ်မှ ပျောက်ပါတယ်။

App ထဲရောက်သွားတဲ့အခါ Hardware Test, Android Test, Network Test စသည်ဖြင့် Menu ( ၁၂ ) ခု တောင် တွေ့ရပါတယ်။ Hardware Test ထဲကို ဝင်လိုက်ရင် နောက်ထပ် ခေါင်းစဉ်ကွဲ ၆၃ မျိုးတောင်ပါဝင်ပါတယ်။

Speaker Test, ရှေ့ နောက် Mic Test, accelerometer sensor, barometer စတဲ့ Sensor Test တွေ ၊ Touch Sensor Test, Display Test စသည်ဖြင့် ကိုယ့် ဖုန်းတစ်ခုလုံးရဲ့ ဘယ်အစိတ်အပိုင်းတွေက ချို့ယွင်းချက်ရှိနေလဲ တစ်ခုချင်းစီ စစ်ဆေးလို့ရပါတယ်။

ကျွန်တော်ကတော့ ဒီ တစ်ခုနဲ့ တင် အတော့်ကို သဘောကျနေပါပြီ။ Service ဆိုင် သွားပြီး စစ်ဆေးစရာတောင် မလိုပဲ ချို့ယွင်းချက် တော်တော်စုံစုံလင်လင် စစ်ဆေးနိုင်ပြီး အဓိက အသုံးတည့်မဲ့ နေရာကတော့ Xiaomi second ဖုန်းတွေ ပြန်ဝယ်တော့မယ်ဆိုရင် ဒီ App ဟာ အရမ်းကို အသုံးဝင်လာနိုင်ပါတယ်။
တော်ရုံတန်ရုံ second ရောင်းတဲ့သူတွေ ကိုယ့်ကို ဂျင်းမထည့်နိုင်တော့ပါဘူး။

နောက်ထပ် အကြိုက်ဆုံး Setting ကတော့ ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးထားမလား ဒါမှမဟုတ် Battery ပိုခံအောင် balanced ပဲ ထားမလား ရွေးလို့ရတာပါ။ Performance ကို ရွေးလိုက်ရင် ဖုန်းက Multitasking လုပ်တဲ့အခါနဲ့ Game ဆော့တဲ့အခါ တော်တော်လေး မြန်လာတာ သတိထားမိပါတယ်။
(Power Mode ဆိုတာကို နှိပ်ပြီး Performance နဲ့ Balanced ကို ရွေးချယ်နိုင်ပါတယ်။)

ဆိုတော့ ကျန်တဲ့ Setting တွေကိုတော့ ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။
အခု MIUI အတွက် ဒီလို App လေးထွက်လာတာကို အတော့်ကို သဘောကျမိပါတယ်။
App မသုံးရင် ဒီလို Setting မျိုးတွေက သာမန် Users တွေအတွက် အသုံးပြုဖို့ နည်းနည်းခက်ခဲပါတယ်။

အဓိက က ကိုယ့်ဖုန်းရဲ့ ချို့ယွင်းချက်တွေ စစ်ဆေးနိုင်မယ် ၊ Second Xiaomi ဖုန်းဝယ်ရင် ကိုယ်တိုင် စစ်ဆေးနိုင်မယ် ၊ Perfornace နဲ့ Balanced ကို လွယ်လွယ်ကူကူပြောင်းလဲနိုင်မယ် ၊ Software Update တွေ စစ်လို့ရမယ် ၊ ဖုန်းတစ်ခုလုံးက Application တွေကို Manage လုပ်လို့ရမယ် စသဖြင့် ဒီ App တစ်ခုတည်းနဲ့ တစ်နေရာတည်းမှာ စုံလင်အောင် အသုံးချလို့ ရပါတယ်။

ဆိုတော့ Xiaomi ဖုန်းပိုင်ရှင်တွေအနေနဲ့ ဒီ App ကို စမ်းသပ် အသုံးပြုချင်ရင် MQS – MIUI Quick Setting လို့ Google Play မှာ အလွယ်တကူရိုက်ရှာပြီး Download ပြုလုပ်နိုင်သလို အောက်မှာ ဖော်ပြထားတဲ့ Link နှစ်ခု ကနေ လဲ Download ပြုလုပ်နိုင်ပါတယ်။

ဒီ App နဲ့ အလုပ်လုပ်ပုံ ဆင်တူတဲ့ Hidden Setting for MIUI ဆိုတဲ့ App မျိုးတွေလဲ Play Store မှာ ရှိပါတယ်။

Google Play Store Link

Apk pure Download Link

Ref: XDA Developers
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photos by Tech Corner

Zawgyi

Xiaomi ဖုန္းေတြရဲ႕ MIUI မွာ ျမႇဳပ္ထားတဲ့ အသုံးဝင္ Setting ေတြကို ေဖာ္ထုတ္အသုံးျပဳႏိုင္မဲ့ App

အားလုံးပဲ မဂၤလာပါ
XDA Developer ဆိုတဲ့ Team က Xiaomi ဖုန္းေတြမွာ အသုံးျပဳထားတဲ့ MIUI ရဲ႕ အေကာင္းဆုံးေသာ လွ်ိဳ႕ဝွက္ Setting ေတြကို ေဖာ္ထုတ္အသုံးျပဳႏိုင္တဲ့ Application တစ္ခုကို မိတ္ဆက္လိုက္ပါတယ္။ Smartphone အသုံးျပဳသူေတြထဲမွာ MIUI ကို ႀကိဳက္တဲ့သူေတြ ရွိသလို မႀကိဳက္တဲ့သူေတြလဲ ရွိပါတယ္။

ဒီလို App မ်ိဳးေတြ ေၾကာင့္ Xiaomi ရဲ႕ MIUI ဟာ အေကာင္းဆုံးမဟုတ္ရင္ေတာင္ အသုံးျပဳရေတာ္ေတာ္ အဆင္ေျပတဲ့ Smartphone User Interface လို႔ ခံစားရပါတယ္။ အျခားဖုန္းေတြမွာ အလြယ္တကူ အသုံးျပဳမရႏိုင္တဲ့ အရမ္းအသုံးဝင္တဲ့ Hidden Settings ေတြကို ဒီ App ေလးတစ္ခုတည္းနဲ႔ ေကာင္းေကာင္း အသုံးခ်ႏိုင္ပါတယ္။ ဆိုေတာ့ ဒီ App က ဘာေတြလုပ္ေပးႏိုင္လဲ ၾကည့္ရေအာင္…

ပထမဆုံး ဒီ App ကို အသုံးျပဳခ်င္တဲ့ Xiaomi ဖုန္းဟာ Android Version 5 အထက္ရွိဖို႔ လိုအပ္ပါတယ္။
ပထမဆုံး App ကို စဖြင့္လိုက္တာနဲ႔ အေရးႀကီးတဲ့ Setting ေတြကို အသုံးျပဳမွာ ျဖစ္တဲ့အတြက္ တစ္ခုခု လြဲမွားခဲ့ရင္ App နဲ႔ မဆိုင္ပဲ အသုံးျပဳသူရဲ႕ လြဲမွားမႉသာ ျဖစ္တယ္လို႔ သတိေပးစာေပၚလာပါတယ္။
ကြၽန္ေတာ္ကေတာ့ Continue ႏွိပ္ေပးလိုက္ပါတယ္။

App ကို စဝင္ဝင္ခ်င္းမွာေတာ့ ေၾကာ္ျငာလာတာ သိပ္မမိုက္ပါ ၅ စကၠန႔္ေစာင့္ၿပီး အမွားေလးႏွိပ္မွ ေပ်ာက္ပါတယ္။

App ထဲေရာက္သြားတဲ့အခါ Hardware Test, Android Test, Network Test စသည္ျဖင့္ Menu ( ၁၂ ) ခု ေတာင္ ေတြ႕ရပါတယ္။ Hardware Test ထဲကို ဝင္လိုက္ရင္ ေနာက္ထပ္ ေခါင္းစဥ္ကြဲ ၆၃ မ်ိဳးေတာင္ပါဝင္ပါတယ္။

Speaker Test, ေရွ႕ ေနာက္ Mic Test, accelerometer sensor, barometer စတဲ့ Sensor Test ေတြ ၊ Touch Sensor Test, Display Test စသည္ျဖင့္ ကိုယ့္ ဖုန္းတစ္ခုလုံးရဲ႕ ဘယ္အစိတ္အပိုင္းေတြက ခ်ိဳ႕ယြင္းခ်က္ရွိေနလဲ တစ္ခုခ်င္းစီ စစ္ေဆးလို႔ရပါတယ္။

ကြၽန္ေတာ္ကေတာ့ ဒီ တစ္ခုနဲ႔ တင္ အေတာ့္ကို သေဘာက်ေနပါၿပီ။ Service ဆိုင္ သြားၿပီး စစ္ေဆးစရာေတာင္ မလိုပဲ ခ်ိဳ႕ယြင္းခ်က္ ေတာ္ေတာ္စုံစုံလင္လင္ စစ္ေဆးႏိုင္ၿပီး အဓိက အသုံးတည့္မဲ့ ေနရာကေတာ့ Xiaomi second ဖုန္းေတြ ျပန္ဝယ္ေတာ့မယ္ဆိုရင္ ဒီ App ဟာ အရမ္းကို အသုံးဝင္လာႏိုင္ပါတယ္။
ေတာ္႐ုံတန္႐ုံ second ေရာင္းတဲ့သူေတြ ကိုယ့္ကို ဂ်င္းမထည့္ႏိုင္ေတာ့ပါဘူး။

ေနာက္ထပ္ အႀကိဳက္ဆုံး Setting ကေတာ့ ကိုယ့္ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို အျမင့္ဆုံးထားမလား ဒါမွမဟုတ္ Battery ပိုခံေအာင္ balanced ပဲ ထားမလား ေ႐ြးလို႔ရတာပါ။ Performance ကို ေ႐ြးလိုက္ရင္ ဖုန္းက Multitasking လုပ္တဲ့အခါနဲ႔ Game ေဆာ့တဲ့အခါ ေတာ္ေတာ္ေလး ျမန္လာတာ သတိထားမိပါတယ္။
(Power Mode ဆိုတာကို ႏွိပ္ၿပီး Performance နဲ႔ Balanced ကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။)

ဆိုေတာ့ က်န္တဲ့ Setting ေတြကိုေတာ့ ကိုယ္တိုင္စမ္းသပ္ၾကည့္ႏိုင္ပါတယ္။
အခု MIUI အတြက္ ဒီလို App ေလးထြက္လာတာကို အေတာ့္ကို သေဘာက်မိပါတယ္။
App မသုံးရင္ ဒီလို Setting မ်ိဳးေတြက သာမန္ Users ေတြအတြက္ အသုံးျပဳဖို႔ နည္းနည္းခက္ခဲပါတယ္။

အဓိက က ကိုယ့္ဖုန္းရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြ စစ္ေဆးႏိုင္မယ္ ၊ Second Xiaomi ဖုန္းဝယ္ရင္ ကိုယ္တိုင္ စစ္ေဆးႏိုင္မယ္ ၊ Perfornace နဲ႔ Balanced ကို လြယ္လြယ္ကူကူေျပာင္းလဲႏိုင္မယ္ ၊ Software Update ေတြ စစ္လို႔ရမယ္ ၊ ဖုန္းတစ္ခုလုံးက Application ေတြကို Manage လုပ္လို႔ရမယ္ စသျဖင့္ ဒီ App တစ္ခုတည္းနဲ႔ တစ္ေနရာတည္းမွာ စုံလင္ေအာင္ အသုံးခ်လို႔ ရပါတယ္။

ဆိုေတာ့ Xiaomi ဖုန္းပိုင္ရွင္ေတြအေနနဲ႔ ဒီ App ကို စမ္းသပ္ အသုံးျပဳခ်င္ရင္ MQS – MIUI Quick Setting လို႔ Google Play မွာ အလြယ္တကူ႐ိုက္ရွာၿပီး Download ျပဳလုပ္ႏိုင္သလို ေအာက္မွာ ေဖာ္ျပထားတဲ့ Link ႏွစ္ခု ကေန လဲ Download ျပဳလုပ္ႏိုင္ပါတယ္။

ဒီ App နဲ႔ အလုပ္လုပ္ပုံ ဆင္တူတဲ့ Hidden Setting for MIUI ဆိုတဲ့ App မ်ိဳးေတြလဲ Play Store မွာ ရွိပါတယ္။

Google Play Store Link

Apk Pure Download Link

Ref: XDA Developers
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Photos by Tech Corner

0 Shares

ShineHtetAung

I'm just a mariner and a nerdy tech guy who has a deep passion of tech. I've been a tech writer for almost five years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

Leave a Reply

Your email address will not be published. Required fields are marked *

Copy link
Powered by Social Snap