RX 6600 XT

AMD ဟာသူတို့ရဲ့ RX 6000 Series GPU အသစ်တစ်ခုဖြစ်တဲ့ RX 6600 XT ကိုထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ RX 6600 XT ဟာလဲ AMD ရဲ့ RDNA 2 Architecture ပေါ်မှာပဲအခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပြီးတော့ လက်ရှိ RX 6000 Series ရဲ့ဈေးအသက်သာဆုံးကဒ်တစ်ခု ဖြစ်လာမှာပါ။ MSRP အနေနဲ့ $379 ရှိမယ်လို့ ခန့်မှန်းရပြီး AMD ရဲ့ Founder Edition ကဒ်တော့ ထုတ်လုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီနှစ်အစောပိုင်းမှာထွက်ခဲ့တဲ့ MSRP $479 ရှိတဲ့ RX 6700XT ထက်လဲ $100 ပိုသက်သာပါတယ်။ AMD ဟာ သူတို့ရဲ့ RX 6600 XT ကို 1080P Gaming အတွက် အကောင်းဆုံးကဒ်တစ်ခုလို့ ဆိုထားပါတယ်။ Gamer တော်တော်များများဟာ ဈေးအကြီးဆုံး၊ Performance အကောင်းဆုံး၊ 4K Gaming Graphic Card တွေလိုအပ်တာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရဲ့ Gaming Monitor တွေရဲ့ရောင်းအားကို ကြည့်မယ်ဆိုရင်လဲ ဈေးကွက်ရဲ့ ၃ပုံ၂ပုံဟာ 1080P Resolution High Refresh Rate Gaming Monitor တွေဖြစ်ပါတယ်။ RX 6600 XT ဟာလဲ Triple A Title Game တွေကို 1080P Max Settings မှာ High Frame Rate နဲ့ဆော့ကစားနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

Specification
RX 6600 XT ရဲ့ Specs တွေကတော့
- Compute Unit & Ray Accelerator 32 Units
- GDDR6 RAM: 8GB
- Infinity Cache: 32 MB
- Base Clock: 2359 MHz
- Boost Clock: 2589 MHz
- TDP: 160W ရှိမယ်လို့ သိရပါတယ်။

Performance
Performance ပိုင်းမှာဆိုရင်လဲ RX 6600 XT ဟာ သူ့ရဲ့ အရင်မော်ဒယ်ဖြစ်တဲ့ RX 5600XT ထက် Average FPS Rate မှာ ၁.၄ဆလောက် တိုးတက်လာပါတယ်။ AMD ဟာသူတို့ရဲ့ Graphic Card အသစ်ကို 1080P Max Setting Gaming မှာ RTX 3060 ထက်ပိုကောင်းတယ်လို့ ကြွားလုံးထုတ်ထားပါတယ်။ Hand on review တွေတော့မထွက်လာသေးပေမဲ့ AMD ရဲ့အဆိုအရတော့ ၎င်းတို့ရဲ့ Graphic Card အသစ်ဟာ Triple A Title တွေဖြစ်တဲ့ AC Valhalla, Battlefield 5 နဲ့ Death Stranding လိုဂိမ်းကြီးတွေရဲ့ 1080P Max Setting မှာ RTX 3060 ထက် FPS 15% အကြမ်းဖျင်းလောက် ပိုများတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Horizon Zero မှာတော့ 3% လောက်ပိုနှေးပါတယ်။ Ray Accelerator Unit တွေဟာလဲ Ray Tracing လုပ်လို့ရတယ်ဆိုပေမဲ့ RT Core တွေရဲ့ပြိုင်ဘက်တော့ မဟုတ်သေးပါဘူး။ Ray Accelerator 32 Unit ဆိုတဲ့ပမာဏဟာ Ray Tracing Settings မှာ Low to Medium လောက်သာ ဆော့ကစားနိုင်ပါလိမ့်မယ်။ RX 6600 XT မှာ Smart Access Memory 32MB လဲပါပေမဲ့ ဒီ Smart Access Memory 32MB (Infinity Cache) ဟာလဲ သူ့ရဲ့အပေါ်ကမော်ဒယ်ဖြစ်တဲ့ RX 6700 XT (96MB Infinity Cache) ထက်တော်တော်နည်းပါးတဲ့ပမာဏလို့ဆိုရမှာပါ။

Release Date and Conclusion
AMD ရဲ့ RX 6600 XT ဟာပြိုင်ဘက်ဖြစ်သူ Nvidia ရဲ့ RTX 3060 ထက်ပိုကောင်းတဲကဒ်တစ်ခုအနေနဲ့ ယှဉ်ပြိုင်နိုင်အောင်ထုတ်လုပ်ထားပေမဲ့ VRAM 12GB ရှိတဲ့ $50 ခန့်ပိုဈေးသက်သာပြီး MSRP $329 သာရှိတဲ့ RTX 3060 ကိုဈေးကွက်မှာ တကယ်ရော ယှဉ်ပြိုင်နိုင်မလား ဆိုတာကတော့ စဉ်းစားစရာပါ။ လက်ရှိမှာ Memory Supply ပြဿနာကြောင့် Graphic Card တွေထုတ်လုပ်ဖို့ အခက်အခဲတွေရှိနေပေမဲ့လဲ AMD အနေနဲ့ ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနေပါတယ်လို့လဲ ထပ်လောင်းပြောကြားထားပါတယ်။ သေချာတာကတော့ RX 6600 XT ထွက်ရှိလာမှုဟာ Mid-Range GPU ဈေးကွက်ကို လှုပ်ခတ်စေဦးမှာပဲဖြစ်ပါတယ်။ RX 6600 XT ဟာလာမယ့် August 11 မှာထွက်ရှိမှာဖြစ်ပြီးတော့ AMD ရဲ့ Partner တွေဖြစ်တဲ့ ASRock, Asus, Biostar, Gigabyte, MSI, Power Color, Sapphire, XFX နဲ့ Yeston တို့ကထုတ်လုပ်ပေးမှာပဲဖြစ်ပါတယ်။

