2020 iPhones to come with 120Hz ProMotion OLED Screen

0 Shares

Android တွေထက် ပိုကောင်းတဲ့ ‘120Hz ProMotion OLED Display’ ပါဝင်လာမဲ့ iPhone များ

Photo from DigitalTrends

Unicode

2019 ခုနှစ်ဟာ 120Hz refrsh rate Display တွေရဲ့ နှစ်တစ်နှစ်လို့တောင် ပြောရမလားပဲ။ Android ဖုန်းတော်တော်များများမှာလဲ 90/120 Hz အစရှိသဖြင့် အပြိုင်အဆိုင်တွေ ထွက်ပေါ်လာနေပါတယ်။ မေးစရာရှိတာက ဂုရုကြီး Apple ရော iPhone တွေမှာ refresh rate မြင့်တဲ့ Display တွေ မသုံးသေးဘူးလားလို့ပေါ့။

တကယ်က APPLE အနေနဲ့ 2017 ကတည်းက iPad Pro တွေမှာ 120Hz ProMotion display  ကိုအသုံးပြုနေခဲ့တာဖြစ်ပါတယ်။ ဒီ Pro Motion နည်းပညာကို iPad တွေမှာ ပဲ ထည့်သွင်းပေးထားပြီး 2017 ကနေ 2019 ရောက်သည်ထိ iPhone Generation နှစ်ခုစာလောက်မှာ ပုံမှန် 60Hz display နဲ့သာ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo from GSMArena

ဒါပေမဲ့ အခု သေချာတဲ့ ရပ်ကွက်က ပေါက်ကြားလာတဲ့ သတင်းတစ်ခုကတော့ iPhone အသစ်တွေမှာ 120Hz ProMotion OLED Panel တွေကို အသုံးပြုတော့မယ်လို့ သိရပါတယ်။ Samsung, LG တို့နဲ့ ဆွေးနွေးမှူတွေ စတင်ပြုလုပ်နေပါပြီတဲ့။ 2017 ကတည်းက ProMotion အသုံးပြုခဲ့တဲ့ iPad တွေဟာ LCD Panel တွေ ဖြစ်ပြီး အခု 2020 iPhone တွေမှာတော့ 120Hz OLED တွေကို အသုံးပြုမှာပါ။

Android တွေထဲမှာတော့ 120Hz OLED Panel သုံးထားတဲ့ ဖုန်းတွေဆိုရင် Asus ရဲ့ ROG Phone 2 လို ဖုန်းတွေ ရှိပါတယ်။ ဒါပေမဲ့ Apple ရဲ့ ProMotion အသုံးပြု 120Hz OLED Display တွေကတော့ Android ထက် ပိုကြမ်းတော့ မဲ့ အနေအထား မှာ ရှိပါတယ်။

ဆိုတော့ ProMotion နည်းပညာ ဆိုတာ ဘာလဲ?

Apple’s ProMotion Display ဆိုတာ ကိုယ်အသုံးပြုနေတဲ့ tasks တွေ အပေါ်မူတည်ပြီး refresh rate ကို 60 Hz ကနေ 120 Hz အတွင်း သင့်တော်သလို အသုံးပြုနိုင်အောင် ပြောင်းလဲ ဖော်ပြပေးမှာဖြစ်ပါတယ်။ Android ဖုန်းတော်တော်များများမှာ ပါဝင်တဲ့ Refresh တွေက 60-120, 60-90 အလိုအလျောက် ပြောင်းလဲ မပေးနိုင်ကြပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ Refresh မှာ တစ်သတ်မတ်တည်း ရှိကြတာမလို့ Battery မခံတဲ့ ပြသနာမျိုးတွေ ရှိပါတယ်။

Android တွေမှာ တစ်သတ်မှတ်ထဲ refresh rate ကြီးမြှင့်ထားတဲ့အခါ Sleep လုပ်ထားရင်တောင် Battery တွေပို consume တာမျိုး ရှိတာကြောင့် Apple ရဲ့ ProMotion နည်းပညာနဲ့ဆိုရင် Battery ကို ပိုပြီး အသုံးခံစေမှာပါ။

Photo from Ben Geskin

နောက်ထပ် Rumours တွေကတော့ 2020 iPhone တွေမှာ iPhone 4 ပုံစံ Square Flat Design တွေနဲ့ ထုတ်လုပ်နိုင်ခြေ ရှိတယ်ဆိုတာပါပဲ။ ပြီးတော့ ပိုပြီး အရွယ်အစားသေးတဲ့ Notch design, 3D TOF Camera တွေလဲ ပါဝင်လာနိုင်ပါသေးတယ်။

ဆိုတော့ သင်ရော iPhone အသစ်တွေမှာ ပါဝင်လာမဲ့ 120Hz OLED Display တွေ အပေါ် စိတ်ဝင်စားရဲ့လား?

ပြီးတော့ iPhone အသစ်ဝယ်မဲ့သူတွေအနေနဲ့ နည်းပညာ အသစ်တွေပါဝင်လာမဲ့ 2020 iPhone တွေကို စောင့်စေချင်ပါတယ်။

သင့်မှာ iPhone X တစ်လုံးသာရှိမယ်ဆိုရင် iPhone 11 series တွေကို မလဲသင့်သေးကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို ဒီနေရာကို နှိပ်ပြီး ဖတ်ရှူနိူင်ပါတယ်။

Source: GSMArena
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗

Zawgyi

Android ေတြထက္ ပိုေကာင္းတဲ့ ‘120Hz ProMotion OLED Display’ ေတြ ပါဝင္လာမဲ့ iPhone မ်ား

Photo from Digital Trends

2019 ခုႏွစ္ဟာ 120Hz refrsh rate Display ေတြရဲ႕ ႏွစ္တစ္ႏွစ္လို႔ေတာင္ ေျပာရမလားပဲ။ Android ဖုန္းေတာ္ေတာ္မ်ားမ်ားမွာလဲ 90/120 Hz အစရွိသျဖင့္ အၿပိဳင္အဆိုင္ေတြ ထြက္ေပၚလာေနပါတယ္။ ေမးစရာရွိတာက ဂု႐ုႀကီး Apple ေရာ iPhone ေတြမွာ refresh rate ျမင့္တဲ့ Display ေတြ မသုံးေသးဘူးလားလို႔ေပါ့။

တကယ္က APPLE အေနနဲ႔ 2017 ကတည္းက iPad Pro ေတြမွာ 120Hz ProMotion display  ကိုအသုံးျပဳေနခဲ့တာျဖစ္ပါတယ္။ ဒီ Pro Motion နည္းပညာကို iPad ေတြမွာ ပဲ ထည့္သြင္းေပးထားၿပီး 2017 ကေန 2019 ေရာက္သည္ထိ iPhone Generation ႏွစ္ခုစာေလာက္မွာ ပုံမွန္ 60Hz display နဲ႔သာ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။

Photo from GSMArena

ဒါေပမဲ့ အခု ေသခ်ာတဲ့ ရပ္ကြက္က ေပါက္ၾကားလာတဲ့ သတင္းတစ္ခုကေတာ့ iPhone အသစ္ေတြမွာ 120Hz ProMotion OLED Panel ေတြကို အသုံးျပဳေတာ့မယ္လို႔ သိရပါတယ္။ Samsung, LG တို႔နဲ႔ ေဆြးေႏြးမႉေတြ စတင္ျပဳလုပ္ေနပါၿပီတဲ့။ 2017 ကတည္းက ProMotion အသုံးျပဳခဲ့တဲ့ iPad ေတြဟာ LCD Panel ေတြ ျဖစ္ၿပီး အခု 2020 iPhone ေတြမွာေတာ့ 120Hz OLED ေတြကို အသုံးျပဳမွာပါ။

Android ေတြထဲမွာေတာ့ 120Hz OLED Panel သုံးထားတဲ့ ဖုန္းေတြဆိုရင္ Asus ရဲ႕ ROG Phone 2 လို ဖုန္းေတြ ရွိပါတယ္။ ဒါေပမဲ့ Apple ရဲ႕ ProMotion အသုံးျပဳ 120Hz OLED Display ေတြကေတာ့ Android ထက္ ပိုၾကမ္းေတာ့ မဲ့ အေနအထား မွာ ရွိပါတယ္။

ဆိုေတာ့ ProMotion နည္းပညာ ဆိုတာ ဘာလဲ?

Apple’s ProMotion Display ဆိုတာ ကိုယ္အသုံးျပဳေနတဲ့ tasks ေတြ အေပၚမူတည္ၿပီး refresh rate ကို 60 Hz ကေန 120 Hz အတြင္း သင့္ေတာ္သလို အသုံးျပဳႏိုင္ေအာင္ ေျပာင္းလဲ ေဖာ္ျပေပးမွာျဖစ္ပါတယ္။ Android ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္တဲ့ Refresh ေတြက 60-120, 60-90 အလိုအေလ်ာက္ ေျပာင္းလဲ မေပးႏိုင္ၾကပါဘူး။ ကိုယ္ေ႐ြးခ်ယ္ထားတဲ့ Refresh မွာ တစ္သတ္မတ္တည္း ရွိၾကတာမလို႔ Battery မခံတဲ့ ျပသနာမ်ိဳးေတြ ရွိပါတယ္။

Android ေတြမွာ တစ္သတ္မွတ္ထဲ refresh rate ႀကီးျမႇင့္ထားတဲ့အခါ Sleep လုပ္ထားရင္ေတာင္ Battery ေတြပို consume တာမ်ိဳး ရွိတာေၾကာင့္ Apple ရဲ႕ ProMotion နည္းပညာနဲ႔ဆိုရင္ Battery ကို ပိုၿပီး အသုံးခံေစမွာပါ။

Photo from Ben Geskin

ေနာက္ထပ္ Rumours ေတြကေတာ့ 2020 iPhone ေတြမွာ iPhone 4 ပုံစံ Square Flat Design ေတြနဲ႔ ထုတ္လုပ္ႏိုင္ေျခ ရွိတယ္ဆိုတာပါပဲ။ ၿပီးေတာ့ ပိုၿပီး အ႐ြယ္အစားေသးတဲ့ Notch design, 3D TOF Camera ေတြလဲ ပါဝင္လာႏိုင္ပါေသးတယ္။

ဆိုေတာ့ သင္ေရာ iPhone အသစ္ေတြမွာ ပါဝင္လာမဲ့ 120Hz OLED Display ေတြ အေပၚ စိတ္ဝင္စားရဲ႕လား?

ၿပီးေတာ့ iPhone အသစ္ဝယ္မဲ့သူေတြအေနနဲ႔ နည္းပညာ အသစ္ေတြပါဝင္လာမဲ့ 2020 iPhone ေတြကို ေစာင့္ေစခ်င္ပါတယ္။

သင့္မွာ iPhone X တစ္လုံးသာရွိမယ္ဆိုရင္ iPhone 11 series ေတြကို မလဲသင့္ေသးေၾကာင္း ေရးသားထားတဲ့ ေဆာင္းပါးကို ဒီေနရာကို ႏွိပ္ၿပီး ဖတ္ရွဴႏိူင္ပါတယ္။

Source: GSMArena
©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗

0 Shares

ShineHtetAung

I'm just a mariner and a nerdy tech guy who has a deep passion of tech. I've been a tech writer for almost five years and I founded this website. My only mission is to provide all about tech in all aspects of technology fields.

Leave a Reply

Your email address will not be published. Required fields are marked *

Copy link
Powered by Social Snap