Unicode
Xiaomi က မြန်မာငွေ ၂သောင်း ၇ ထောင် ဝန်းကျင်သာ ကျသင့်မဲ့ Mi Band 3i ကို India မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Mi Band 3 နဲ့ အနည်းငယ် တင်တူပြီး 2017 တုန်းက ထွက်ရှိခဲ့တဲ့ Mi Band HRX Edition နဲ့ လဲ ဆင်တူတယ်လို့ သိရပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Mi Band 3i မှာတော့ Heart Rate Sensor မပါဝင်ပါဘူး။
Mi Band 3i မှာ 0.78 inches ရှိတဲ့ 128 x 80 AMOLED monochrome (အဖြူအမဲ ) display ကို အသုံးပြုထားပါတယ်။ ဖုန်း Calls တွေ နဲ့ Noti တွေ ဝင်လာရင် အသိပေးနိုင်တဲ့ အပြင် step and calorie counter, activity tracker, sleep quality monitor, sedentary reminder စတဲ့ Features တွေ အစုံအလင် ပါဝင်ပါတယ်။ ပြီးတော့ ရေအနက် မီတာ ၅၀ အထိ ရေစိမ်လဲ ခံနိုင်ပါသေးတယ်။
Battery Life ကတော့ ရက် ၂၀ အထိ အသုံးခံမှာ ဖြစ်ပြီး 110mAh Battery ကို အသုံးပြုထားပါတယ်။ Mi Band 3i နဲ့ အတူပါဝင်လာတဲ့ Charging ကြိုးကို အသုံးပြုပြီး အားသွင်းမယ်ဆိုရင် အားအပြည့်ရဖို့ ၂ နာရီခွဲပဲ ကြာမယ်လို့ သိရပါတယ်။ Bluetooth 4.2 LE နဲ့ Connect လုပ်နိုင်မှာ ဖြစ်ပြီး Android version 4.4 အထက် ၊ iOS version 9.0 အထက် ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာပါ။
အရောင်အနေနဲ့ကတော့ အနက်ရောင် တစ်မျိုးတည်းပဲ ရရှိမှာဖြစ်ပြီး 18$ ( ၂ သောင်း ၇ ထောင် ဝန်းကျင် ) သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒီ စျေးနှူန်းဟာ 25$ နဲ့ ရောင်းချပေးခဲ့တဲ့ Mi Band 3 ထက်တောင် သက်သာနေပါသေးတယ်။ Pre-Order ကို Mi.com မှာ စတင်ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။
Source | ©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗
Zawgyi
Source | ©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗